#World_Health
Published 19 February 2025
▪️ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်၊ ဦးနှောက်နဲ့ အလုံးစုံ ဖွံ့ဖြိုးကြီးထွားလာကြရာမှာ အာဟာရဓာတ် လုံလောက်ဖို့ကလည်း အရေးကြီးပါတယ်။
▪️ မျှတစွာ စားသုံးပါမှ ဗိုက်တာမင်များ၊ ပရိုတိန်း၊ သတ္တုဓာတ်များ၊ အဆီဓာတ်များ ရရှိပြီး ဖွံ့ဖြိုးမှုကို အထောက်အကူရစေမှာ ဖြစ်ပါတယ်။
▪️ တစ်နေ့တာမှာ အရေးကြီးဆုံး မနက်စာ မစားဘဲနေရင် ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်တာကြောင့် မနက်စာ မကျော်သင့်တဲ့ အကြောင်းအရင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(၁) အာရုံစူးစိုက်မှုနှင့်မှတ်ဉာဏ် မြှင့်တင်ပေးခြင်း
▪️ အာဟာရရှိတဲ့ မနက်စာက စိတ်ပိုင်းဆိုင်ရာ နိုးကြားစေပြီး မှတ်ဉာဏ်ထိန်းသိမ်းပေးကာ ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။
(၂) ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးခြင်း
▪️ အရိုးကြီးထွားမှု၊ ကြွက်သားခွန်အား၊ အလုံးစုံဖွံ့ဖြိုးမှုတို့ကို ထောက်ပံ့ပေးမယ့် အာဟာရဓာတ်များ ပေးစွမ်းနိုင်ပါတယ်။
(၃) ကျန်းမာရေးနဲ့မညီညွတ်သောမုန့်များ မစားမိခြင်း
▪️ မနက်စာမစားဘဲနေလိုက်ရင် ဆာလောင်စိတ်ဖြစ်လာပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကယ်လိုရီများတဲ့ မုန့်တွေ စားမိစေနိုင်ပါတယ်။
(၄) ကိုယ်တွင်းဇီဝဖြစ်စဉ်ထိန်းသိမ်းပေးခြင်း
▪️ မနက်စာ မစားတဲ့အခါ ဇီဝကမ္မဖြစ်စဉ်များ နှောင့်နှေးသွားကာ ကယ်လိုရီကောင်းစွာ မလောင်ကျွမ်းနိုင်ဘဲ ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
(၅) စိတ်အခြေအနေကောင်းမွန်စေခြင်း
▪️ ဆာလောင်စိတ်ဖြစ်တဲ့အခါ စိတ်ဆိုးလွယ် ဖိစီးမှုဖြစ်လွယ်နိုင်ပြီး မနက်စာစားထားရင်တော့ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေကာ စိတ်အပြောင်းအလဲ မဖြစ်စေတော့ပါဘူး။
(၆) ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တိုးစေခြင်း
▪️ အားကစားနဲ့ လှုပ်ရှားမှုပြုလုပ်သူတွေအတွက် မနက်စာစားခြင်းဖြင့် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်း၊ အဆီတို့ ရရှိစေကာ ကြွက်သားများကို အားဖြည့်ပေးပါတယ်။
(၇) အစာခြေစနစ်ထောက်ပံ့ပေးခြင်း
▪️ မနက်စာက အူလမ်းကြောင်း လှုပ်ရှားမှုလှုံ့ဆော်ပေးကာ အမျှင်ဓာတ်ပါ စားသုံးပေးပါက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အစာခြေစနစ် ကောင်းမွန်စေပါတယ်။
(၈) ကိုယ်အလေးချိန်ထိန်းသိမ်းပေးခြင်း
▪️ မနက်စာမစားရင် နောက်ပိုင်းမှာ ပိုမိုစားသုံးမိတာကြောင့် တကယ်တမ်း ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။
▪️ ဒါကြောင့် တစ်နေ့တာစတင်ချိန်မှာ အာဟာရရှိတဲ့ မနက်စာစားသုံးခြင်းဖြင့် ခွန်အားထိန်းသိမ်းနိုင်ပြီး ဖွံ့ဖြိုးမှုကို ထောက်ပံ့စေနိုင်မှာ ဖြစ်ပါတယ်။
#Source: DoctorNDTV