#World_Health
Published 19 February 2025
▪️ နှလုံးရောဂါက ကမ္ဘာပေါ်မှာ အဓိကသေဆုံးရတဲ့ အကြောင်းအရင်း ဖြစ်လာသလို သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းတို့ အဖြစ်များလာတာကြောင့် လာမယ့်နှစ် ၃၀ အတွင်း နှလုံးသွေးကြောရောဂါများ ဖြစ်နိုင်ခြေ များလာပါတယ်။
▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် နှလုံးကျန်းမာရေးကို ထောက်ကူစေနိုင်တာ သိထားကြသလို အခြားအရာတွေလည်း ရှိနေပါတယ်။
▪️ နှလုံးနဲ့ အဆုတ်တို့က ခန္ဓာကိုယ်သို့ အောက်ဆီဂျင်များ ပို့လွှတ်ပေးတာကြောင့် ဒါတွေကို အလုပ်လုပ်စေတဲ့ လှုပ်ရှားမှုတွေက နှလုံးသွေးကြောကျန်းမာရေးကို ထောက်ပံ့ပေးနိုင်မယ်လို့ Soliant Healthမှ သူနာပြု ကာရင်စတော့ဒေးလ်က ပြောပါတယ်။
▪️ လူအများမထင်ထားတဲ့ နည်းလမ်းတွေကို စတော့ဒေးလ်က ဖော်ပြသွားပါတယ်။
(၁) ခြေမများလှုပ်ရှားပေးပါ
▪️ ထိုင်တဲ့အချိန် သွားလာတဲ့အချိန် ကြာသွားပြီဆိုရင် တစ်နာရီကြာတိုင်း စက္ကန့် ၃၀ မျှ ခြေမတွေကို လှုပ်ရှားပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး အဆုတ်နဲ့ နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။
(၂) ကိုယ်နေဟန်ထားအကောင်းဆုံး နေထိုင်ပါ
▪️ ကိုယ်နေဟန်ထား မညီမျှတဲ့အခါ ရင်ခေါင်းကို ဖိနှိပ်သလိုဖြစ်ပြီး အဆုတ်ကနေ လေဝင်လေထွက်မကောင်း ဖြစ်တတ်ပါတယ်။
▪️ ကိုယ်နေဟန်ထားကို မှန်ကန်အောင်ထိန်းသိမ်းပါက ရင်ခေါင်းကျယ်သွားစေပြီး အသက်ရှူရ ကောင်းမွန်စေပါတယ်။
(၃) များများရယ်မောပါ
▪️ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကျန်းမာရေးကို သက်ရောက်စေတာ တွေ့ရှိထားကြပါတယ်။
▪️ ရယ်မောတဲ့အခါ ကြွက်သားတွေ လှုပ်ရှားစေကာ အဆုတ်ကနေ ပိုမိုအလုပ်လုပ်ရပြီး အောက်ဆီဂျင်ပိုမိုရရှိစေပါတယ်။
(၄) လက်ခံကျေနပ်မှုကို မှတ်သားပါ
▪️ ၂၀၁၂ လေ့လာချက်တစ်ခုမှာ ကျေနပ်လက်ခံကြောင်း မှတ်သားကျင့်ကြံသူတွေဟာ ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေ လျော့ကျသွားပါတယ်။
(၅) နှုတ်ခမ်းစူထုတ်အသက်ရှူကြည့်ပါ
▪️ နှုတ်ခမ်းတွေကို ရှေ့သို့စူထုတ်ပြီး ဖြည်းဖြည်းအသက်ရှူတဲ့အခါ လေစီးဆင်းမှုကောင်းစေပြီး သွေးထဲသို့ အောက်ဆီဂျင်ပိုမိုဝင်ရောက်စေပါတယ်။
#Source: New York Post