#World_Health
Published 28 September 2024


▪️ သွားနဲ့ခံတွင်း ကျန်းမာနေဖို့အတွက် တစ်နေ့နှစ်ကြိမ် သွားတိုက်ခြင်း၊ သွားကြားပွတ်ခြင်းတို့အပြင် အခြားကာကွယ်ရေးနည်းလမ်းတွေလည်း ပြုလုပ်ဖို့လိုပါတယ်။

 

▪️ ဆုတံဆိပ်ရ သွားဆရာဝန် ဒေါက်တာ အဲလက်စ်ဖူက နေ့လယ်စာ စားပြီးနောက် သွားတွေကို အနားပေးဖို့ အရေးကြီးကြောင်း၊ ဒါဟာ သွားယိုယွင်းခြင်းကို ကာကွယ်ပေးပြီး ကြံ့ခိုင်စေမှာဖြစ်ကြောင်း ပြောပါတယ်။

 

▪️ အစာစားပြီးနောက် အနည်းဆုံး ၂ နာရီအတွင်း ဘာမှမစားဘဲနေခြင်းဖြင့် တံတွေးတွေက သွားတွေကို သဘာဝအတိုင်း သန့်ရှင်းပေးကာ သွားပိုးစားခြင်း၊ ကြွေလွှာပျက်စီးခြင်း အန္တရာယ်တို့ကို လျှော့ချပေးနိုင်တယ်လို့ ဒေါက်တာဖူက ပြောပါတယ်။

 

▪️ နေ့လယ်စာ စားပြီးတဲ့အခါ တံတွေးရဲ့ pH ကမြင့်တက်သွားပြီး ကြွေလွှာကို သတ္တုဓာတ် ပြန်ဖြည့်ပေးခြင်းဖြင့် သွားတွေကို ကာကွယ်ပေးတယ်လို့ ရှင်းပြပါတယ်။

 

▪️ နေ့လယ်စာ စားတဲ့အခါမှာ အရွက်လိုမျိုး ကျန်းမာတဲ့အစာတွေက ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။

 

▪️ သွားတွေကို ပုလဲလိုဖြူဖွေးချင်ရင် အစားစားတဲ့အခါ ပေါင်မုန့်ချော၊ ပါစတာ၊ အာလူးကြော်၊ ပြောင်းဂျုံ၊ ခရက်ကာတို့လို ကာဗိုဟိုက်ဒရိတ်တွေကို ရှောင်ရှားသင့်တယ်လို့ ဒေါက်တာက အကြံပြုပါတယ်။

 

▪️ ဒီလိုစားစရာတွေက အက်ဆစ်ဓာတ် ပိုများတာကြောင့် တံတွေးက အစာကြွင်းတွေကို ဖယ်ရှားဖို့ အချိန်ပိုကြာကာ သွားပိုးစားနိုင်ခြေ ပိုများပါတယ်။

 

▪️ ကြာကြာဝါးရတဲ့ မုန်လာဥနီလို အသီးအရွက်တွေက ခံတွင်းကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တတ်ပါတယ်။

 

▪️ ဆိုင်လီတိုလ်လိုမျိုး အပင်ကနေရတဲ့ ပစ္စည်းပါဝင်တဲ့ ပီကေဝါးခြင်းဖြင့်လည်း သွားအတွက် အကျိုးရှိစေပါတယ်။

 

▪️ မနက်စာစားပြီးမှ သွားတိုက်ချင်တယ်ဆိုရင် ကြွေလွှာသတ္တုဓာတ် ပြန်ဖြည့်ဖို့အတွက် မိနစ် ၃၀ လောက်စောင့်သင့်ပြီး အလျင်လိုရင်တော့ ရေသောက်နိုင်ပါတယ်။

 

#Source: New York Post