#World_Health
Published 28 September 2024


▪️ ခရမ်းချဉ်သီးတုပ်ကွေးလို့ခေါ်တဲ့ ရောဂါဟာ အိန္ဒိယရှိ ကီရာလာနဲ့ အိုဒီရှာတို့မှာ ကူးစက်ဖြစ်ပွားနေပါတယ်။

 

▪️ မေလ ၆ ရက်နေ့က ကီရာလာမှာ ပထမဆုံးတွေ့ရှိပြီးနောက် အသက် ၅ နှစ်အောက် ကလေးငယ် ၈၂ ဦးအထိ ကူးစက်ထားပါတယ်။

 

▪️ ရောဂါဖြစ်တဲ့အခါ အနီရောင် အဖုအပိမ့်တွေ ထွက်တာကြောင့် ခရမ်းချဉ်သီးတုပ်ကွေးလို့ ခေါ်တာဖြစ်ပြီး ကုသဆေး မရှိသေးပါဘူး။

 

▪️ တွေ့ရှိထားတဲ့ ရောဂါလက္ခဏာများက ဆင်တုပ်ကွေးနဲ့ ဆင်တူကာ ခရမ်းချဉ်သီးလို အနီအဖုတွေ၊ အင်ပျဉ်၊ ကိုယ်အပူချိန်မြင့်မားခြင်း၊ အဆစ်များဖောရောင်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ ခံစားရနိုင်ပါတယ်။

 

▪️ အဆိုပါတုပ်ကွေး မဖြစ်စေရန် တစ်ကိုယ်ရည်သန့်ရှင်းအောင် နေထိုင်ဖို့က အရေးကြီးပါတယ်။

အနီးနားက အရာတွေကို သန့်ရှင်းအောင်ထားပြီး ပုံမှန်ပိုးသန့်စင်ပေးဖို့ လိုပါတယ်။

 

▪️ ကလေးတွေမှာ ရောဂါလက္ခဏာတစ်ခုခု တွေ့ပြီဆိုရင်တော့ ကျန်းမာရေးပညာရှင်ထံ ဆွေးနွေးသင့်ပါတယ်။

 

▪️ လက္ခဏာသက်သာဖို့ဆိုရင် အဖုအပိမ့်တွေကို ကုတ်ဖဲ့ခြင်းမှ ရှောင်ကြဉ်တာမျိုးဖြင့် ကုသနိုင်ပါတယ်။

 

▪️ ကိုဗစ်-၁၉ ရောဂါလက္ခဏာအချို့နဲ့ ဆင်တူတတ်ပေမယ့် ဘာမှတော့ မဆိုင်ပါဘူး။

 

▪️ ဒီလက္ခဏာတွေဟာ အခြားဗိုင်းရပ်စ် ကူးစက်မှုတွေမှာလည်း တွေ့ရတတ်ပါတယ်။

 

▪️ အူလမ်းကြောင်း ဗိုင်းရပ်စ်များကြောင့် ရောဂါဖြစ်ပွားတာဖြစ်ပြီး လူကြီးတွေမှာတော့ ကိုယ်ခံအားက ခုခံနိုင်တဲ့အတွက် သိပ်ပြီးဖြစ်ပွားလေ့ မရှိပါဘူး။

 

#Source: DoctorNDTV