#World_Science
Published June 2 2025
▪️ Apple iPhone အသုံးပြုသူတွေကတော့ မကြာခင်မှာ ယင်းတို့ရဲ့ဖုန်းတွေကို စိတ်ထဲကနေ ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
▪️ Apple က ဦးနှောက်-ကွန်ပျူတာကြားခံ (BCI)ကုမ္ပဏီ Synchron နဲ့ပူးပေါင်းကာ အသုံးပြုသူရဲ့ ဦးနှောက်ထဲ ထည့်သွင်းနိုင်မယ့် ပစ္စည်းလေးကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
▪️ ဒီပစ္စည်းမှာ ဦးနှောက်အချက်ပြမှုတွေကို သိရှိနိုင်မယ့် လျှပ်တိုင်တွေ ပါဝင်ပါတယ်။
▪️ Synchron ရဲ့ နည်းပညာအသုံးပြုပြီး Apple က ဦးနှောက်အချက်ပြမှုတွေကို လှုပ်ရှားမှုအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။
▪️ အသုံးပြုသူအနေနဲ့ လုပ်ချင်တာရှိရင် စဉ်းစားလိုက်ရုံနဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။
▪️ ဝေါစထရိဂျနာယ်မှ ဖော်ပြချက်အရဆိုရင် Apple နဲ့ Synchron တို့က ဒီနည်းပညာကို စမ်းသပ်ခံများနဲ့ လုပ်ဆောင်နေပါတယ်။
▪️ ဒီထဲမှာပါဝင်တဲ့ ပစ်ဘတ်ဂ်ဥက္ကဌ မာ့ခ်ဂျက်ဆန်ဆိုရင် အကြောသေဝေဒနာ ခံစားနေရသူဖြစ်ပြီး အခုဆိုရင် Synchron ဦးနှောက်ထည့်သွင်းပစ္စည်းဖြစ်တဲ့ Stentrode ကို သူ့ဦးနှောက်ထဲ ထည့်ထားပါတယ်။
▪️ ဦးနှောက်ရဲ့ အပြင်ဘက်အလွှာထိပ်ပိုင်းရှိ သွေးပြန်ကြောတစ်ခုထဲမှာ ထောက်ချဲ့ပစ္စည်းတစ်ခုလို ထည့်ထားပြီး ဦးနှောက်လှိုင်းတွေကို နားလည်သိရှိစေပြီးတော့ ဖုန်းမျက်နှာပြင်နားတဝိုက် ရွေ့လျားနိုင်ကာ အိုင်ကွန်တစ်ခုကို ရွေးချယ်နိုင်စေပါတယ်။
▪️ Apple iPhone တွေနဲ့ အခြားကိရိယာတွေမှာသာ ဒီနည်းပညာရပြီဆိုရင် ကိုယ်အင်္ဂါမသန်စွမ်းသူတွေအတွက် မျှော်လင့်ချက်ဖြစ်လာမှာပါ။
▪️ အီလွန်မက်စ်ရဲ့ Neuralink ကုမ္ပဏီကလည်း အလားတူနည်းပညာမျိုး လုပ်ဆောင်နေပါတယ်။
#Source: WION