#World_News
Published 02 June 2025

▪️ အမေရိကန် ကိုလိုရာဒိုပြည်နယ် ဘိုလ်ဒါမြို့မှာ လူအများကို မီးလောင်ဒဏ်ရာရစေခဲ့တဲ့ အမျိုးသားတရားခံကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

▪️ FBI ကတော့ ဒါကို အကြမ်းဖက်ပစ်မှတ်တိုက်ခိုက်ခြင်းလို့ သတ်မှတ်လိုက်ပါတယ်။

▪️ FBI ပြည်သူ့ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဘင်ဝီလီယံဆန်က တရားခံဟာ ဂျူးလူမျိုးလူအုပ်ဆီကို မီးလောင်ဗုံးများ ပစ်ထည့်နေပြီး ပါးစပ်ကလည်း 'ပါလက်စ်တိုင်းလွတ်ငြိမ်းခွင့်ပေး' လို့ အော်နေခဲ့ကြောင်း X ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

▪️ တရားခံဟာ အသက် ၄၅ နှစ်အရွယ်ရှိ မိုဟာမက်ဆာဘရီဆိုလီမာ ဖြစ်တယ်လို့ FBI က စစ်ဆေးတွေ့ရှိထားပါတယ်။

▪️ "သာယာလှပတဲ့ တနင်္ဂနွေနံနက်ခင်းမှာ ဘိုလ်ဒါမြို့ ပုလဲလမ်းကို တိုက်ခိုက်သွားတာက လက်သင့်ခံနိုင်စရာ မရှိပါဘူး။ ထိခိုက်ခံရသူတွေနဲ့ မိသားစုဝင်တွေ၊ ဒီဖြစ်ရပ်ဆိုးမှာ ထိခိုက်ခဲ့သူအားလုံးအကြောင်း ကူညီတွေးတောပေးကြဖို့ တောင်းဆိုပါတယ်" လို့ ဘိုလ်ဒါရဲမှူးချုပ် စတီဖင်ရက်ဖန်းက ပြောသွားပါတယ်။

▪️ အမေရိကန်မှာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ တင်းမာမှုမြင့်တက်နေပြီး သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစ္စရေးလ်ထောက်ခံသူတွေက ပါလက်စ်တိုင်းထောက်ခံသူတွေကို ဂျူးမုန်းတီးသူများအဖြစ် သတ်မှတ်ထားပါတယ်။

▪️ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မျက်မြင်တွေ့ရှိတဲ့ ကိုလိုရာဒိုမှ အသက် ၁၉ နှစ်အရွယ် ဘရွတ်ခ်ကော့ဖ်မန်းက အမျိုးသမီး ၄ ဦး ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာရသဖြင့် လဲကျနေခဲ့ကြကြောင်း၊ တစ်ယောက်ဆိုရင် ခန္ဓာကိုယ်အနှံ့အပြား ဆိုးရွားစွာ လောင်ကျွမ်းပုံရကြောင်း ပြောပြပါတယ်။

▪️ တိုက်ခိုက်သူလို့ ယူဆရသူက အင်္ကျီဗလာဖြင့်ရပ်နေကာ ရေအကြည်ပုလင်းကို ကိုင်ထားပြီး 'ရေလာယူ ရေလာယူ' လို့ အော်နေခဲ့တယ်လို့ ဆိုပါတယ်။

▪️ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ဂျူးဒီမိုကရက် ချက်ရှူမာက ဒီအခြေအနေဟာ ထိတ်လန့်စရာကောင်းပြီး ဂျူးမုန်းတီးရေးကို ဆန့်ကျင်သွားရမယ်လို့ ပြောပါတယ်။

#Source: NDTV