#World_News
Published 12 April 2025

▪️ အမေရိကန်မှာရှိတဲ့ အာဖဂန်နစ္စတန်နဲ့ ကင်မရွန်နိုင်ငံသားထောင်ဂဏန်းအတွက် နေရပ်ပြန်ပို့ရေး ယာယီအကာအကွယ်ပေးထားခြင်းကို ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အဆုံးသတ်လိုက်ကြောင်း အမေရိကန် နိုင်ငံတော်လုံခြုံရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး သောကြာနေ့က ပြောသွားပါတယ်။

▪️ ယာယီကာကွယ်ခွင့်ရထားတဲ့ အာဖဂန် ၁၄,၆၀၀ ခန့်ဟာ မေလမှာ ဆုံးရှုံးမှာဖြစ်ပြီး ကင်မရွန်း ၇,၉၀၀ခန့်ကတော့ ကာကွယ်ခွင့်ရရှိထားပေမယ့် အဆုံးသတ်အစီအစဉ်အရ ဇွန်လမှာ ဆုံးရှုံးမှာဖြစ်ပါတယ်။

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သမ္မတတာဝန်စယူတဲ့အချိန်ကစပြီး အမေရိကန်မှာ တရားဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို နေရပ်ပြန်ပို့မယ်လို့ ကတိပြုထားကာ ရွှေ့ပြောင်းသူတွေရဲ့ တရားဝင်ယာယီကာကွယ်ခွင့်တွေကို ဖယ်ရှားဖို့ အလျင်စလို ပြုလုပ်လာပါတယ်။

▪️ ထရမ့်က သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက် တရားမဝင် လူဝင်မှုမြင့်မားခဲ့ခြင်းကို ဝေဖန်လိုက်ကာ ဘိုင်ဒင်ရဲ့ တရားဝင်ခိုလှုံနေထိုင်ခွင့် အစီအစဉ်တွေက ဥပဒေဘောင်ကို ကျော်လွန်နေတယ်လို့ ဆိုပါတယ်။

▪️ တရားဝင်ယာယီနေထိုင်ခွင့် အစီအစဉ်ဟာ သဘာဘေးအန္တရာယ် ဖြစ်နေတဲ့နိုင်ငံများ၊ လက်နက်ကိုင် ပဋိပက္ခတွေ အခြားဖြစ်ရပ်တွေဖြစ်နေတဲ့ နိုင်ငံတွေမှ လူတွေကို ခွင့်ပြုထားတာ ဖြစ်ပါတယ်။

▪️ ဒီနေထိုင်ခွင့်က ၆ လမှ ၁၈ လခန့် ခွင့်ရပြီး နိုင်ငံတော်လုံခြုံရေးဝန်ကြီးမှ သက်တမ်းတိုးပေးနိုင်သလို နေရပ်ပြန်ပို့ကာကွယ်မှုနဲ့ အလုပ်ပါမစ်လျှောက်ခြင်းတို့ ရရှိနိုင်ပါတယ်။

▪️ အာဖဂန်နဲ့ ကင်မရွန်တို့ရဲ့ အခြေအနေတွေက ကာကွယ်ခွင့်ဆက်ပေးလို့ရမယ့် အနေအထား မဟုတ်တော့ဘူးလို့ နိုင်ငံတော်လုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ်က တွေ့ရှိထားပါတယ်။

▪️ ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတတာဝန်ယူစဉ်ကလည်း ယာယီနေထိုင်ခွင့် လျှောက်ထားချက် အများစုကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဖက်ဒရယ်တရားရုံးတွေက ကန့်ကွက်ခဲ့ကြပါတယ်။

▪️ ဘိုင်ဒင်လက်ထက်က အမေရိကန်ကို ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ လတ်တလောရက်များအတွင်း ယာယီခိုလှုံနေထိုင်ခွင့်တွေကို ရုပ်သိမ်းသွားမယ့်အကြောင်း အသိပေးစာများ လက်ခံရရှိထားပါတယ်။

#Source: Reuters