#World_Science
Published 01 May 2025
▪️ မှတ်ဉာဏ်အလိုလိုထည့်သွင်းတဲ့ AIပုံစံတစ်ခုအရ နဂါးငွေ့တန်းမှာ ကမ္ဘာဂြိုဟ်နဲ့ဆင်တူတဲ့ ဂြိုဟ်ပေါင်း ၄၄ ခုရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
▪️ ဒီခန့်မှန်းစနစ်ကို ဆွစ်ဇာလန် ဘန်းတက္ကသိုလ်နဲ့ NCCR PlanetSမှ သုတေသီများ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဒီစနစ်ရဲ့အယ်ဂိုရစ်သမ်က ၉၉ ရာခိုင်နှုန်းတိကျမှုရှိတယ်လို့ ပြောပါတယ်။
ဒီခန့်မှန်းစနစ်ဟာ မည်သည့်ဂြိုဟ်လမ်းကြောင်းတွေက ကမ္ဘာဂြိုဟ်လိုမျိုး ဂြိုဟ်တွေရှိလဲဆိုတာကို ပြောနိုင်စွမ်းရှိပါတယ်။
▪️ AI ပုံစံက အတော်လေးစိတ်ချရပြီး နက္ခတ္တပညာရှင်တွေအနေနဲ့ သက်ရှိတွေ နေထိုင်နိုင်မယ့် ပြင်ပဂြိုဟ်တွေအကြောင်းနဲ့ ပတ်သက်တဲ့ ကြယ်တာရာလမ်းကြောင်းများကို အာရုံစိုက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
▪️ ရှင်သန်နေထိုင်နိုင်တဲ့ နေရာလမ်းကြောင်းမှာရှိတဲ့ ဂြိုဟ်က သက်ရှိတွေတည်ရှိနိုင်ဖွယ် အများဆုံးဖြစ်ပါတယ်။
▪️ ထိုကဲ့သို့နေရာဟာ မပူလွန်း မအေးလွန်း ရေရှိတဲ့နေရာ ဖြစ်သင့်ပါတယ်။
ဒီ AIပုံစံဟာ အခြားဂြိုဟ်လမ်းကြောင်းစနစ်တွေရဲ့ အချက်အလက်တွေကို အသုံးပြုစမ်းသပ်ထားတာဖြစ်ပြီး သိပ္ပံပညာရှင်တွေ သိရှိထားတဲ့အကြောင်းတွေကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
▪️ ဒါဟာ သက်ရှိတွေအတွက် အခြေအနေပေးနိုင်မယ့် ဂြိုဟ်တွေရှာဖွေရေးနဲ့ စကြဝဠာထဲမှာ သက်ရှိရှာဖွေရေးတို့မှာ အရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ သုတေသနပြုစုသူ ဒေါက်တာယန်အလီဘတ်က ပြောပါတယ်။
▪️ NASA, ESAနဲ့ အခြားအာကာသအေဂျင်စီများကလည်း ကမ္ဘာဂြိုဟ်နဲ့ဆင်တူတဲ့ ပြင်ပဂြိုဟ်တွေကို ပုံမှန်ရှာဖွေနေကြပါတယ်။
#Source: WION