#World_Health
Published 02 May 2025
▪️ LDLလို့ခေါ်တဲ့ ဆိုးကျိုးဖြစ်ကိုလက်စထရောလ်ဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ သိသိသာသာများစေပါတယ်။
▪️ LDLကိုလက်စထရောလ်တွေ သွေးကြောနံရံတွေမှာ စုပြုံလာရင် နှလုံးရောဂါဖြစ်နိုင်ခြေ များစေပါတယ်။
▪️ မကောင်းတဲ့ ကိုလက်စထရောလ်တွေကို နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် လျှော့ချနိုင်ပါတယ်။
▪️ (၁) ပျော်ဝင်အမျှင်ဓာတ်များများစားပါ
ပျော်ဝင်အမျှင်ဓာတ်တွေက အစာခြေစနစ်ထဲမှာ ကိုလက်စထရောလ်ကို ပေါင်းစည်းလိုက်ပြီး ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်ပေးပါတယ်။
▪️ အုတ်ဂျုံ၊ ဘာလီ၊ ပဲနီလေး၊ ပန်းသီး၊ သစ်တော်သီး၊ ပဲတို့မှာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။
▪️ (၂) ပြည့်ဝဆီအစား ကျန်းမာအဆီရွေးချယ်ပါ
ထောပတ်၊ အသားကြီးတို့မှ ပြည့်ဝဆီအစား သံလွင်ဆီ၊ အစေ့အဆန်များ၊ အခွံမာသီး၊ ထောပတ်သီးတို့မှ မပြည့်ဝဆီအသုံးပြုပါ။
▪️ ထုတ်လုပ်ထုပ်ပိုးထားတဲ့ စားစရာများကိုလည်း လျှော့ချသင့်ပါတယ်။
▪️ (၃) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းတဲ့ကိုလက်စထရောလ် မြင့်စေပြီး မကောင်းတဲ့ကိုလက်စထရောလ် လျော့ကျစေတာကြောင့် တစ်ပတ်ကို ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့ကို အနည်းဆုံးမိနစ် ၁၅၀ ခန့်ပြုလုပ်သင့်ပါတယ်။
▪️ (၄) ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ
ကိုယ်အလေးချိန် ၅-၁၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ပါက ကိုလက်စထရောလ်ပမာဏ လျော့ကျစေနိုင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်စွာစားသုံးပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရပါမယ်။
▪️ (၅) အိုမီဂါ-၃စားသုံးပါ
ဆယ်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွမ်းရှပ်တို့လိုငါးတွေက အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကြွယ်ဝပြီး နှလုံးကျန်းမာရေးကို အကျိုးဖြစ်စေပါတယ်။
▪️ (၆) အယ်ကိုဟောကန့်သတ်သောက်သုံးပါ
အရက်အလွန်အကျွံသောက်ရင် ကိုလက်စထရောလ်နဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေပါတယ်။
▪️ အမျိုးသားတွေအတွက် တစ်နေ့ကို ၂ ခွက်နဲ့ အမျိုးသမီးတွေအတွက် ၁ ခွက်က သင့်တင့်တဲ့ပမာဏဖြစ်တယ်လို့ CDCက အကြံပြုထားပါတယ်။
▪️ (၇) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်ရင် ကောင်းတဲ့ကိုလက်စထရောလ် လျော့ကျစေပြီး သွေးကြောများ ပျက်စီးစေပါတယ်။
▪️ (၈) ဆေးစစ်ဆေးမှုပုံမှန်ပြုလုပ်ပါ
ကိုလက်စထရောလ် ပုံမှန်စစ်ဆေးတဲ့အခါ ဘေးအန္တရာယ်တွေကို စောစီးစွာ သိရှိစေနိုင်ပါတယ်။
▪️ မကောင်းတဲ့ကိုလက်စထရောလ်တွေကို ချက်ချင်းကြီးများများစားစား မဟုတ်ဘဲ ဖြည်းဖြည်းချင်းလျှော့ချသွားခြင်းဖြင့် နှလုံးကျန်းမာရေးအပေါ် များစွာအကျိုးရှိစေမှာ ဖြစ်ပါတယ်။
#Source: DoctorNDTV