#World_Health
Published 27 May 2025
▪️ သားအိမ်ခေါင်းကင်ဆာကို အိမ်မှာတင် ကိုယ်တိုင်စမ်းသပ်နိုင်မယ့်ပစ္စည်းကို အမေရိကန် FDA က အသိအမှတ်ပြုလိုက်ပြီလို့ Teal Health က သောကြာနေ့မှာ ပြောသွားပါတယ်။
▪️ ဆေးခန်းမှာ သားအိမ်ခေါင်းခြစ်ယူရတဲ့ Pap smears စစ်ဆေးနည်းနေရာမှာ အစားထိုးနိုင်မယ့် နည်းလမ်းဖြစ်လာပါတယ်။
▪️ သားအိမ်ခေါင်းခြစ်ယူ စစ်ဆေးနည်းက လွန်ခဲ့တဲ့နှစ် ၈၀ စတင်ပေါ်ပေါက်ပြီးတည်းက ကင်ဆာဖြစ်ပွားမှု သိသိသာသာ လျှော့ချလာနိုင်ပေမယ့် ဆေးခန်းသို့သွားပြီး စစ်ဆေးရတာကြောင့် မသက်မသာဖြစ်ရပါတယ်။
▪️ Teal Wand စမ်းသပ်ပစ္စည်းဖြင့် ကိုယ်တိုင်နမူနာရယူခဲ့တဲ့ အမျိုးသမီး ၆၀၀ ကျော်မှာ ဆရာဝန်စမ်းသပ်ရယူတဲ့ နမူနာများအတိုင်း ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက် FDA က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ Teal Health က ပြောပါတယ်။
▪️ ဒါဟာ ဆန်းသစ်တီထွင်ပစ္စည်းဖြစ်ရုံမက အမျိုးသမီးများအနေနဲ့ ဘဝမှာ ရွေးချယ်စရာတစ်ခု ရှိလာစေပြီး အိမ်မှာတင် သက်တောင့်သက်သာဖြင့် မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်မှာဖြစ်တယ်လို့ Teal စီအီးအို ကာရာအီဂန်က ပြောပါတယ်။
▪️ အမေရိကန်မှာ နှစ်စဉ် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားသူ ၁၁,၅၀၀ ခန့်ရှိနေပြီး ၄,၀၀၀ ခန့်အသက်ဆုံးရှုံးကြရပါတယ်။
▪️ Teal Wand ရဲ့ဈေးနှုန်းကို ကုမ္ပဏီက ဖော်ပြခြင်းမရှိပေမယ့် ပေးချေမှုပုံစံအမျိုးမျိုးအတွက် အာမခံကြီးများနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် Cologuard လို့ခေါ်တဲ့ အူမကြီးကင်ဆာ အိမ်တွင်းစစ်ဆေးပစ္စည်းအကြောင်းလည်း ပြောသွားပါတယ်။
#Source: New York Post