#World_Lifestyle
Published 23 February 2025


▪️ သိပ္ပံပညာရှင်တွေက ကြက်ဥပြုတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ဖော်ထုတ်လိုက်ပါတယ်။

▪️ ကြက်ဥပြုတ်ကြတဲ့နေရာမှာ ကြက်ဥအနှစ်နဲ့ အကာကို အသင့်လျော်ဆုံး အနေအထားရဖို့ ခက်ခဲတတ်ပါတယ်။

▪️ အကောင်းဆုံးကြက်ဥပြုတ်ဆိုတာ အနှစ်နူးညံ့ပြီး အကာက ပျော့ပျောင်းလုံးခဲနေရပါမယ်။

▪️ ဒီလိုရဖို့အတွက် အချိန်အတိအကျအားဖြင့် ၃၂ မိနစ်ကြာမြင့်မယ်လို့ ဖော်ပြထားပါတယ်။

▪️ အီတလီသိပ္ပံပညာရှင်များက ပုံပန်းသဏ္ဍာန်၊ အရသာနဲ့ အာဟာရပိုင်းအရ ကြက်ဥပြုတ်တဲ့နေရာမှာ အကောင်းဆုံးနည်းလမ်းရဖို့အတွက် ကြက်ဥ ၃၀၀ ဖြင့် စမ်းသပ်ခဲ့ကြပါတယ်။

▪️ ကြက်ဥလုံးဝအကျက်ပြုတ်၊ မကျက်တကျက်ပြုတ်နဲ့ အပူချိန်ပြောင်းလဲပြုတ်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။

▪️ အပူချိန်ပြောင်းလဲပြုတ်ခြင်း နည်းစနစ်က အနှစ်က အရသာပိုရှိကာ အကာပိုပျော့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

▪️ အပူချိန်ပြောင်းလဲပြုတ်ခြင်း နည်းလမ်းက ရေနွေးပူနဲ့ ရေအေးတို့ကြား ၈ ကြိမ်လောက် ပြောင်းလဲပေးရပါတယ်။

▪️ ရေနွေးပူထဲ ၂ မိနစ်ထည့်၊ ပြီးရင် ရေအေးထဲ ၂ မိနစ်ထည့် ၊ ပြီးရင် ရေနွေးပူထဲ ၂ မိနစ်ပြည့်ထည့်၊ ထိုကဲ့သို့ ၆ ကြိမ်ခန့် ပြောင်းလဲခြင်းကို ၃၂ မိနစ်လောက်ကြာအောင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

▪️ ဒီနည်းလမ်းဖြင့် ကြက်ဥအကာကို အပူပေးကာ အနှစ်ကို အပူချိန်တစ်ခုမှာ ရတဲ့အထိ အအေးခံစေပါတယ်။

▪️ အကာက အပူချိန် ၈၅ ဒီဂရီဆဲလ်စီးယပ်စ်မှာ ထိန်းသိမ်းထားပြီး အနှစ်က ၆၅ ဒီဂရီလောက်မှာ အကောင်းဆုံးဖြစ်ပါတယ်။

▪️ အရေးကြီးတာက ဆူနေတဲ့ရေက ကြက်ဥကိုဖယ်ပြီး အနှစ်လုံးဝမကျက်သွားဖို့ ရေအေးထဲ စိမ်ရတာ ဖြစ်ပါတယ်။

#Source: New York Post