#World_Health
Published 09 March 2025
▪️ တစ်ပတ်ကို ဒိန်ချဉ်နှစ်ကြိမ်သောက်သုံးပါက အူမကြီးကင်ဆာမျိုးတွေကို ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန်လေ့လာချက်တစ်ခုမှာ ယူဆထားပါတယ်။
▪️ ယခင်သုတေသနမှာလည်း အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးအပေါ် ဒိန်ချဉ်ရဲ့အကျိုးကျေးဇူးတွေ တွေ့ရှိခဲ့ပေမယ့် သိပ်ပြီးစိတ်မချရပါဘူး။
▪️ ယခုလေ့လာချက်က ဆယ်စုနှစ် ၃ ခုကျော်အထိ အမျိုးသမီး ၈၇,၀၀၀ ကျော်နဲ့ အမျိုးသား ၄၅,၀၀၀ ရဲ့ အချက်အလက်များကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဒိန်ချဉ်သောက်ခြင်းနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားမှုကြား သိသာထင်ရှားတဲ့ ဆက်စပ်မှု မတွေ့ရပေမယ့် ကင်ဆာအမျိုးအစားကွဲတွေကို ဆန်းစစ်ရာမှာတော့ သိသာခဲ့ပါတယ်။
▪️ တစ်ပတ်ကို ဒိန်ချဉ်နှစ်ကြိမ်သောက်သူတွေက Bifidobacterium-positive အကျိတ်ဖြစ်ပေါ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း လျော့နည်းတာတွေ့ရပါတယ်။
▪️ Bifidobacteriumက လူ့ခန္ဓာကိုယ်အူထဲမှာ တွေ့ရတတ်တဲ့ ပိုးမွှားတစ်မျိုးဖြစ်ပြီး ရောဂါဆိုးရွားလာချိန်မှာ အကျိတ်တစ်ရှူးအတွင်း ရှိတတ်ပါတယ်။
▪️ အောက်ဆီဂျင်နည်းတဲ့ အကျိတ်နေရာမှာ ပေါက်ဖွားရှင်သန်ပြီး အူနံရံအတားအဆီးကို ကျော်ဖြတ်ကာ အူမကြီးတစ်ရှူးထဲသို့ ယိုစိမ့်လာပါတယ်။
▪️ ဒိန်ချဉ်ထဲကနေ Bifidobacteriumတွေ ပိုမိုစားသုံးပေးရင်တော့ ဒီလိုဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ အံ့အားသင့်စွာ တွေ့ရှိထားပါတယ်။
▪️ Bifidobacteriumက ဓာတ်တိုးဆန့်ကျင်၊ ရောင်ရမ်းဆန့်ကျင်၊ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ စွမ်းရည်တွေရှိပြီး အူလမ်းကြောင်းကျန်းမာရေးကို ထောက်ကူပေးနိုင်တယ်လို့ လေ့လာချက်တွေမှာ အကြံပြုထားပါတယ်။
▪️ အူမကြီးကင်ဆာ ကာကွယ်ခြင်းနဲ့ နောက်ခံဇီဝဖြစ်စဉ်များအပေါ် ဒိန်ချဉ်သောက်ခြင်းရဲ့ ရေရှည်သက်ရောက်မှုများအကြောင်း ဆက်လက်သုတေသန ပြုလုပ်သွားသင့်တယ်လို့ အကြံပြုထားပါတယ်။
#Source: WION