#World_Health
Published 26 September 2024


▪️ ကလေးတွေက ဆော့ကစားနေတဲ့ အချိန်မှာ အကောင်းဆုံး လေ့လာသင်ယူဖွံ့ဖြိုးကြပါတယ်။
ဆော့ကစားခြင်းက ပျော်ရွှင်ဖို့အပြင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ပညာရေးပိုင်း၊ လူမှုရေးပိုင်း ဖွံ့ဖြိုးမှုတွေမှာပါ အရေးကြီးပါတယ်။

 

▪️ ဒီလိုမျိုး ဖွံ့ဖြိုးမှုတွေကနေ အကျိုးရှိစေဖို့ သင့်လျော်တဲ့ ကစားနည်းတွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။

 

(၁) အရုပ်တုံးများဆက်ခြင်း
▪️ LEGO ၊ သစ်သားအရုပ်တုံးများဆက်ခြင်းတို့လို ကစားနည်းတွေက စဉ်းစားမှုပိုင်းနဲ့ ပြဿနာဖြေရှင်းခြင်း အပိုင်းတို့ကို တိုးတက်စေပါတယ်။

 

▪️ ဘယ်အတုံးတွေက ဘယ်နေရာမှာ အံဝင်လဲဆိုတာ နားလည်စေပြီး ဇွဲလုံ့လနဲ့ စိတ်ဓာတ်ကြံ့ခိုင်ရည် တို့ကို ပေးစွမ်းနိုင်ပါတယ်။

 

▪️ ဒါ့အပြင် ဦးနှောက်ထိန်းချုပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုစွမ်းရည်၊ မျက်လုံးနဲ့လက် စည်းချက်ညီလှုပ်ရှားမှု၊ ဦးနှောက်စွမ်းရည်တို့ တိုးတက်စေပါတယ်။

 

(၂) မှတ်ဉာဏ်ဆိုင်ရာကစားနည်းများ
▪️ ကတ်ယှဉ်တွဲခြင်းလိုမျိုး ကစားနည်းတွေက ဦးနှောက်မှတ်သားမှု စွမ်းရည်တိုးတက်စေကာ အာရုံစူးစိုက်ခြင်း၊ မှတ်သားခြင်း၊ မှတ်ဉာဏ်ပြန်ဖော်ခြင်းတို့ အားကောင်းစေပါတယ်။

 

▪️ ဦးနှောက်ပိုင်းမှာ အလိုက်သင့် အသုံးချနိုင်စေသလို စိတ်ရှည်မှုနဲ့ ပညာရေးပိုင်းအတွက် စွမ်းရည်များ တိုးတက်စေပါတယ်။

 

(၃) တစ်စုံတစ်ဦးအဖြစ်သရုပ်ဆောင်ကစားနည်းများ
▪️ ဥပမာအားဖြင့် ဆရာဝန်၊ ကျောင်းဆရာ၊ စူပါဟီးရိုးတို့လိုမျိုး သရုပ်ဆောင်ကာ ဆော့ကစားခြင်းက လူမှုရေးနဲ့ စိတ်ခံစားမှု တိုးတက်ခြင်းတို့အတွက် ကောင်းမွန်ပါတယ်။

 

▪️ အခြားတစ်ဦးဦးရဲ့ နေရာကနေ စဉ်းစားတွေးခေါ် လုပ်ကိုင်ရတာကြောင့် လူမှုဆက်ဆံရေး၊ ပြဿနာဖြေရှင်းရေးတို့ကို သင်ယူနိုင်ပြီး သူငယ်ချင်းများနဲ့ ဆက်ဆံရေးခိုင်မာစေပါတယ်။

 

(၄) အိမ်အပြင်ဘက်ဆော့ကစားနည်းများ
▪️ တူတူပုန်းတမ်း၊ ဘောလုံးတို့လို ကစားနည်းတွေက ပြေးခြင်း၊ ခုန်ခြင်းတို့ ပြုလုပ်ရတာကြောင့် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်စေတဲ့အပြင် ကြံ့ခိုင်ကာ ပူးပေါင်းဆောင်ရွက်တတ်စေပါတယ်။

 

▪️ သဘာဝတရားကြီးနဲ့ ပတ်သက်လို့ အတွေ့အကြံရစေကာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်း၊ သွက်လက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်လာနိုင်စေပါတယ်။

 

(၅) ပဟေဌိကစားနည်းများ
▪️ ပဟေဌိဆက်ခြင်းလိုမျိုး ဦးနှောက်သုံးရတဲ့ ကစားနည်းတွေက ပြဿနာဖြေရှင်းခြင်းနဲ့ စိတ်ရှည်ခြင်း စွမ်းရည်တို့ တိုးတက်စေကာ စဉ်းစားတွေးခေါ်မှုအပိုင်းနဲ့ အကျိုးသင့်အကြောင်းသင့် တွေးတောတတ်လာပါတယ်။

 

▪️ စိတ်ရှည်သည်းခံခြင်းနဲ့ ဇွဲရှိဖို့ကိုလည်း သိရှိစေနိုင်ပါတယ်။

 

(၆) ဘုတ်ပေါ်တွင်ကစားရသည့်ဂိမ်းများ
▪️ မိုနိုပိုလီ၊ ကျားထိုးခြင်းတို့လို ကစားနည်းတွေက ပျော်စရာကောင်းတဲ့အပြင် ဖွံ့ဖြိုးမှုနဲ့ပတ်သက်လို့ အကျိုးကျေးဇူးများစွာ ရှိပါတယ်။

 

▪️ ဒီကစားနည်းတွေက နည်းဗျူဟာ၊ စီစဉ်ခြင်း၊ ဆုံးဖြတ်ချက်ခြင်းတို့ လိုအပ်တာကြောင့် အဆိုပါစွမ်းရည်များ တိုးတက်စေတဲ့အပြင် မျှတစွာကစားခြင်းရဲ့ တန်ဖိုးကို နားလည်စေပါတယ်။

 

(၇) အနုပညာလက်ရာကစားနည်းများ
▪️ ပန်းချီဆွဲခြင်း၊ ဆေးခြယ်ခြင်း၊ ဖြတ်တောက်ကပ်ခြင်းတို့က ကလေးတစ်ယောက်ရဲ့ ဖန်တီးနိုင်စွမ်းကို တိုးတက်စေကာ စိတ်ကူးစိတ်သန်းရော လှုပ်ရှားမှုစွမ်းရည်ပါ တိုးတက်စေပါတယ်။

 

▪️ ပစ္စည်းတစ်ခုခု ပုံဖော်ခြင်းဆိုရင် ဆုံးဖြတ်ချက်ခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ စဉ်းစားတွေးခေါ်ခြင်းတို့ ပေးစွမ်းနိုင်ပြီး ယုံကြည်မှုရှိစေပါတယ်။

 

▪️ ဒါကြောင့် ဒီလိုနည်းလမ်းတွေနဲ့ ကစားပေးခြင်းဖြင့် ပျော်ရွှင်စရာကောင်းရုံမက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း တိုးတက်စေပါတယ်။

 

#Source: DoctorNDTV