#World_Health
Published 26 September 2024


▪️ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး အချိန် ၆ နှစ်ကြာအောင် နှာရည်ယိုဝေဒနာ ခံစားနေခဲ့ရကာ တကယ်တမ်းတော့ ဦးခေါင်းခွံမှာ အပေါက်ဖြစ်ပြီး ယိုစိမ့်နေတာ ဖြစ်ပါတယ်။

 

▪️ ဆီးရီးယားမှ ထိုအမျိုးသားဟာ နှာရည်ယိုခြင်းကို နာတာရှည် ခံစားနေခဲ့ရပြီး ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားတက်ခြင်းတို့လည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

▪️ ဦးခေါင်းမှာ ဒဏ်ရာရပြီးနောက် ဒီလိုလက္ခဏာတွေ စတင်ခံစားလာရကြောင်း ပြောပါတယ်။

 

▪️ သာမန်အအေးမိတာမျိုးသာ ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ ဦးနှောက်နဲ့ ကျောရိုးမကြီးကို ကာကွယ်ပေးတဲ့ ဦးနှောက်အတွင်းမှ အရည်(CSF)တွေ ယိုစိမ့်နေတာ ဖြစ်ပါတယ်။

 

▪️ လွန်ခဲ့တဲ့ ၆ နှစ်ခန့်က ကားမတော်တဆဖြစ်ပြီး ဦးခေါင်းမှာ ဒဏ်ရာရခဲ့ကာ ဒီပြဿနာ စတင်ခံစားခဲ့ရပါတယ်။

 

▪️ ဒီနောက် ဦးနှောက်ကို ဓာတ်မှန်ရိုက်ရာမှာ ဦးခေါင်းထဲက ဦးနှောက်သားတွေက အပေါက်တွေကနေ စီးဆင်းနေတဲ့ အခြေအနေ မြင်တွေ့ခဲ့ရပါတယ်။

 

▪️ ထိုအခြေအနေက ဦးနှောက်ကို ဖုံးထားတဲ့ တစ်ရှူးတွေက အပေါက်တွေကနေ စတင်ထွက်လာတာ ဖြစ်ပါတယ်။

 

▪️ ထိုလူဟာ အစပိုင်းမှာတော့ ဆေးရုံကိုရောက်တဲ့အခါ ဒဏ်ရာတွေကို ကုသဖို့ ငြင်းဆန်ခဲ့ပါသေးတယ်။

 

▪️ နှာရည်ယိုလို့ ဆေးရုံမရောက်ခင် ၂ လအလိုမှာ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ခဲ့ပါတယ်။
ဆရာဝန်တွေက အထူးကြပ်မတ်ဌာနသို့ သွားရောက်ရန် ညွှန်ကြားခဲ့ပြီး ဦးနှောက်ဓာတ်မှန် ရိုက်ခဲ့ပါတယ်။

 

▪️ ထိုအခါမှာ ဦးခေါင်းမှာ ကွဲအက်နေပြီး နှာခေါင်းပေါက်ထဲသို့ ယိုစိမ့်နေတာကို တွေ့ခဲ့ကြပါတယ်။
ကွဲအက်ရာတွေကို ပြုပြင်ခွဲစိတ်ဖို့ အကြံပြုခဲ့ကြပေမယ့် ထိုလူက ငြင်းဆန်ခဲ့ပါတယ်။

 

▪️ နောက်ထပ် ၂ လအကြာမှာ ဆေးရုံပြန်ရောက်လာပြီး ခွဲစိတ်ရန် သဘောတူခဲ့ကာ ဦးနှောက်ခွဲစိတ်ဆရာဝန်က ဦးနှောက်အတွင်းသားတွေနဲ့ တစ်ရှူးတွေကို မူလနေရာသို့ ပြန်ထားခဲ့ပါတယ်။

 

▪️ ထိခိုက်ထားတဲ့ အမြှေးပါးတွေနဲ့ ဦးခေါင်းခွံအောက်ခြေကိုလည်း ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

 

▪️ လူနာပြန်လည်သက်သာလာပြီးနောက် ၂ ရက်အကြာမှာ ဆေးရုံဆင်းသွားခဲ့ပါပြီ။

 

#Source: WION