#World_News
Published 29 January 2025


▪️ အမေရိကန်မှာ အစိုးရဝန်ထမ်းအင်အား သိသိသာသာ လျှော့ချသွားမယ့် အစီအစဉ်အစိတ်အပိုင်းအနေဖြင့် အရပ်သားအချိန်ပြည့် အစိုးရဝန်ထမ်းအားလုံးနီးပါးအတွက် အလုပ်နုတ်ထွက်ရင် များပြားတဲ့ ငွေကြေးပေးသွားမယ်လို့ မက်လုံးပေးကမ်းလှမ်းထားကြောင်း ဒေါ်နယ်ထရမ့် စီမံအုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောသွားပါတယ်။

▪️ ရက်ရွှေ့ဆိုင်းနုတ်ထွက်ခြင်း ပရိုဂရမ်အရ အစိုးရဝန်ထမ်းတွေဟာ စက်တင်ဘာ ၃၀ အထိ အလုပ်လုပ်စရာမလိုဘဲ လစာရရှိနေမှာဖြစ်တယ်လို့ ဝန်ထမ်းတွေထံပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

▪️ အစိုးရဝန်ထမ်းတွေ အလုပ်နုတ်ထွက်ခြင်းအတွက် ငွေကြေးမက်လုံးက များသောအားဖြင့် ဒေါ်လာ ၂ သောင်းခွဲ အများဆုံးအထိရှိပါတယ်။

▪️ ဒီအစီအစဉ်မှာ ပါဝင်ခြင်းရှိမရှိ ဆုံးဖြတ်ဖို့ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ အချိန်ပေးထားပါတယ်။

▪️ စိတ်ပါဝင်စားတဲ့ ဝန်ထမ်းများက အစိုးရအကောင့်တစ်ခုရဲ့ အီးမေးလ်ကို စာပြန်ပြီး 'နုတ်ထွက်မည်'ဆိုတဲ့ စာလုံးရေးသားဖို့ အမေရိကန်အစိုးရက ညွှန်ကြားထားပါတယ်။

▪️ ဒီဝန်ထမ်းတွေထဲမှာ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ ဆက်စပ်နေရာများ၊ အမေရိကန်စာတိုက်မှာ အလုပ်လုပ်တဲ့ သူတွေကလွဲပြီး အရပ်သားဝန်ထမ်းတွေ အကျုံးဝင်နေပါတယ်။

▪️ စာတိုက်လုပ်ငန်း မပါဘဲနဲ့ဆိုရင် အမေရိကန်အရပ်သားဝန်ထမ်းပေါင်း ၂.၃ သန်းရှိနေပါတယ်။

▪️ စစ်တပ်နဲ့ အချို့အေဂျင်စီတွေက ဝန်ထမ်းအင်အား တိုးချဲ့သွားဖွယ်ရှိပေမယ့် အများစုကတော့ အင်အားလျှော့ချသွားဖွယ် ရှိနေကာ ဝန်ထမ်းများအတွက် အလုပ်အာမခံချက် မပေးနိုင်ဘူးလို့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

▪️ ဒါပေမဲ့ ရာထူးမှ ဖယ်ရှားခံရပါက ဂုဏ်သိက္ခာရှိရှိဖြင့် ဆက်ဆံခံရမှာဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းအင်အား ပြန်လည်ဖွဲ့စည်းရာမှာ သိသာထင်ရှားစွာ လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

▪️ အစိုးရဝန်ထမ်း အများအပြားဟာ အလုပ်သမားသမဂ္ဂတွေကို ကိုယ်စားပြုပြီး အလုပ်ခန့်အပ်ခြင်းဆိုင်ရာ ကာကွယ်မှုများ ရှိထားပါတယ်။

▪️ ထရမ့်အစိုးရအဖွဲ့ဟာ ဖက်ဒရယ်အစိုးရကြီးကို အဆိပ်သင့်ဝန်းကျင်ဖြစ်အောင် လုပ်နေပြီး ဝန်ထမ်းတွေဟာ ဆက်ပြီးနေချင်ရင်တောင် မနေနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ အမေရိကန် အစိုးရဝန်ထမ်းအဖွဲ့ချုပ်ဥက္ကဌ အဲဗရတ်ကယ်လီက ဆိုလိုက်ပါတယ်။

▪️ အစိုးရဝန်ထမ်းများအနေနဲ့ အခြားအလုပ်တစ်ခု ဝင်လုပ်နိုင်ပြီး စက်တင်ဘာ ၃၀ အထိ အငြိမ်းစားခံစားခွင့် ဆက်လက်ရရှိနိုင်မယ်လို့ သိရပါတယ်။

#Source: Reuters