#World_News
Published 28 July 2025
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခနဲ့ ပတ်သက်ပြီး တနင်္လာနေ့မှာ နှစ်ဖက်ခေါင်းဆောင်များက မလေးရှားမှာပြုလုပ်သွားမယ့် ညှိနှိုင်းဆွေးနွေးပွဲကို တက်ရောက်သွားမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။
▪️ တနင်္လာနေ့ မွန်းလွဲ ၃ နာရီမှာ ဆွေးနွေးမှုပြုလုပ်ရန် စီစဉ်ထားပြီး ထိုင်းယာယီဝန်ကြီးချုပ် ဖွန်ထမ်ဝီချာယာချိုင်က ညှိနှိုင်းရေးအဖွဲ့ကို ဦးဆောင်လာမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။
▪️ အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ဦးစီးကျင်းပမယ့် မလေးရှားက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်လည်း တက်ရောက်မယ်လို့ အသိပေးထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလက နယ်စပ်တိုက်ပွဲတစ်ခုအတွင်း ကမ္ဘောဒီးယားစစ်သည်တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း တင်းမာမှုမြင့်တက်နေကြကာ နှစ်ဖက်စလုံးမှ နယ်စပ်စစ်အင်အား တိုးချဲ့ထားသလို မတည်မငြိမ်ဖြစ်နေတဲ့ ထိုင်းညွန့်ပေါင်းအစိုးရ ပြိုလဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
▪️ ကြာသပတေးနေ့က ပြန်လည်တိုက်ခိုက်လာကြပြီး ၄ ရက်အတွင်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများကြား ဆယ်စုနှစ်ကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုအဖြစ် တင်းမာလာပါတယ်။
▪️ အသေအပျောက်စာရင်း ထိုင်းအရပ်သား ၁၃ ဦး၊ ကမ္ဘောဒီးယားအရပ်သား ၈ ဦးအပါအဝင် အယောက် ၃၀ ရှိလာကာ နယ်စပ်ဒေသတွေမှာ လူပေါင်း ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အာဏာပိုင်များ ဖော်ပြထားပါတယ်။
▪️ နှစ်နိုင်ငံကတော့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အပြန်အလှန်စွပ်စွဲပြောဆိုထားပါတယ်။
▪️ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် ၈၁၇ ကီလိုမီတာတလျှောက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး အချင်းများနေကြတာ ဆယ်စုနှစ်တွေ ကြာမြင့်နေပါပြီ။
#Source: Reuters