#World_Health
Published 28 July 2025
▪️ ကောင်းစွာအိပ်စက်နိုင်ဖို့နဲ့ အားကစားစွမ်းဆောင်ရည် မြှင့်တင်ပေးဖို့ ပါးစပ်ကို တိပ်နဲ့ကပ်ပြီးအိပ်ကြတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေဟာ အထောက်အထားမရှိသလို ဘေးအန္တရာယ်ပါ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ မယ်ရီလန်း ဆေးလ်ဗားစပရင်းမှ အားကစားဆရာဝန် ဂျန်နီဖာဂေါ်ဒင်က ပြောပါတယ်။
▪️ အိပ်တဲ့အခါ နှာခေါင်းကနေ အသက်ရှူထုတ်တာကို တွန်းအားပေးဖို့ ပါးစပ်ကို တိပ်ကပ်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ လက်ရှိ အင်စတာဂရမ်နဲ့ တစ်တော့တို့မှာ ရေပန်းစားနေပြီး အိပ်စက်မှုအရည်အသွေး၊ အောက်ဆီဂျင်ပမာဏတို့ကို တိုးတက်စေပြီး ဟောက်တာကို လျှော့ချနိုင်တယ်လို့ ပြောနေကြပါတယ်။
▪️ ကြွက်သားပြန်လည်သက်သာစေပြီး အားကစားစွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်တယ်ဆိုပြီး အားကစားကဏ္ဍတွေမှာ ကျင့်သုံးနေကြပါတယ်။
▪️ နှာခေါင်းကနေပဲ အသက်ရှူထုတ်တဲ့အခါ လေကိုစစ်ထုတ်ပြီး ပူနွေးစိုစွတ်စေတဲ့အတွက် ညဘက် ခံတွင်းခြောက်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်းတို့မှ ကာကွယ်နိုင်တယ်လို့ ပြောနေကြပေမယ့် ခိုင်မာတဲ့အထောက်အထား မရှိထားပါဘူး။
▪️ အိပ်နေစဉ်အသက်ရှူကြပ်ခြင်းမျိုး၊ နှာခေါင်းပိတ်တာမျိုးဆိုရင် ပါးစပ်ကိုပါ တိပ်ကပ်ထားရင် အသက်မရှူနိုင်တော့ဘဲ အောက်ဆီဂျင်ပမာဏ ကျဆင်းသွားနိုင်ကာ အသက်အန္တရာယ် ရှိနိုင်ပါတယ်။
▪️ ဒီနည်းလမ်းအတွက် FDA ကလည်း အသိအမှတ်ပြုထားတာ မရှိပါဘူး။
▪️ ဒီနည်းလမ်းထက်စာရင် အမှောင်ချ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်၊ ဖုန်းကွန်ပျူတာများ ကြည့်ချိန်လျှော့ချခြင်းတို့ဖြင့် အိပ်စက်ခြင်းတိုးတက်အောင် လုပ်သင့်တယ်လို့ ဂေါ်ဒင်က အကြံပြုပါတယ်။
#Source: wtop news