#World_News
Published 22 February 2025
▪️ အစိုးရလုပ်သားအင်အား လျှော့ချဖို့ကြိုးစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ပင်တဂွန်စစ်ဌာနချုပ်ကလည်း အလုပ်နေရာပေါင်း ၅,၄၀၀ လျှော့ချသွားမယ်လို့ သောကြာနေ့က ပြောလိုက်ပါတယ်။
▪️ ဒီလိုကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ဒီမတိုင်ခင်နေ့က ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အချို့ဟာ မဲပေးသူတွေထံမှ လှောင်ပြောင်မှုများ ခံခဲ့ရပါတယ်။
▪️ ဒါဟာ မျှော်မှန်းထားတဲ့အတိုင်း ကာကွယ်ရေးဌာနမှ အလုပ်နေရာပေါင်း ၅ သောင်းခန့်ရဲ့ တစ်စိတ်တစ်ပိုင်းကို လျှော့ချသွားမှာဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။
▪️ ပင်တဂွန်အနေနဲ့ အလုပ်ရာထူး ခန့်အပ်ခြင်းရပ်ဆိုင်းသွားဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး ၉၅၀,၀၀၀ အင်အားရှိတဲ့ အရပ်သားဝန်ထမ်းတွေကနေ ၅-၈ ရာခိုင်နှုန်း လျှော့ချသွားနိုင်တယ်လို့ ထိပ်သီးအရာရှိ ဒါရင်ဆယ်လ်နစ်ခ်က ပြောပါတယ်။
▪️ ဘီလျံနာအီလွန်မက်စ် ဦးဆောင်ပြီး အမေရိကန်အစိုးရ အဖွဲ့အစည်းတွေမှ လုပ်သား ၂ သောင်းကျော် လျှော့ချခြင်း၊ နိုင်ငံခြားအကူအညီကစလို့ ဘဏ္ဍာရေးကြီးကြပ်မှုအထိ အစီအစဉ်တွေ ဖျက်သိမ်းခြင်းတို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
▪️ တရားဥပဒေနည်းလမ်းရ ရလဒ်တွေ ရောထွေးနေကာ သောကြာနေ့က နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန်အေဂျင်စီမှ လုပ်သား ၂ ထောင်ကျော်ကို အလုပ်နုတ်ထွက်ခွင့်ပြုမယ့် ထရမ့်အစီအစဉ်အတွက် အစိုးရတရားသူကြီးတစ်ဦးက လမ်းဖွင့်ပေးခဲ့ပါတယ်။
▪️ ဒါပေမဲ့ အထူးအကြံပေးရုံး အကြီးအကဲကို ထရမ့်ချက်ချင်းထုတ်ပယ်ဖို့ လုပ်တာကိုတော့ အမေရိကန် တရားရုံးချုပ်က ပိတ်ပင်ခဲ့ပါတယ်။
▪️ ဒါ့အပြင် FBIကလည်း ဝန်ထမ်း ၁,၅၀၀ ကို ဝါရှင်တန်ရုံးချုပ်ကနေ နိုင်ငံတဝှမ်းရှိ ရုံးများထံ လွှဲပြောင်းဖို့ ညွှန်ကြားခဲ့ပါတယ်။
▪️ နာမကျန်းဖြစ်နေသူပေါင်းး ၁၃၇,၀၀၀ ခန့်အတွက် ကျန်းမာရေးအစီအစဉ်မှာ ကြီးကြပ်နေတဲ့ အလုပ်ထုတ်ပယ်ပြီးသား ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူသွားဖို့ရှိတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDCက ပြောထားပါတယ်။
▪️ အမေရိကန်နိုင်ငံသား အများစုက အီလွန်မက်စ်ရဲ့ အစိုးရဝန်ထမ်းအင်အား လျှော့ချရေးကြိုးပမ်းမှုက အစိုးရအဖွဲ့အစည်းတွေ ထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ စစ်တမ်းအရသိရပါတယ်။
▪️ သမဂ္ဂအဖွဲ့အများအပြားက အစိုးရအဖွဲ့ရဲ့ အားထုတ်မှုတွေနဲ့ ပတ်သက်လို့ စွဲချက်တင်ထားကြကာ ထရမ့်နဲ့ မက်စ်တို့ကတော့ အစိုးရအဖွဲ့အစည်းတွေဟာ ပိုလျှံဖောင်းပွနေတယ်လို့ ဆိုထားပါတယ်။
#Source: Reuters