#World_Science
Published 06 June 2025
▪️ မျက်လုံး ၃ လုံး၊ ခဲတံချွန်စက်လို ပါးစပ်ရှိပြီး ပင်လယ်ပြင်မှာ နှစ်ပေါင်းသန်း ၅၀၀ ကျော်တိုင်အောင် သားကောင်ရှာဖွေနေထိုင်ခဲ့တဲ့ သတ္တဝါတစ်မျိုးကို ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
▪️ ပင်လယ်ပိုးဖလံလို့ခေါ်တဲ့ Mosura fentoni တစ်ကောင်ရဲ့ ရုပ်ကြွင်းတွေကို ကနေဒါရော့ကီ ဘာဂတ်စ်ရှေးလ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကမ်ဘရီယန်ခေတ်က တိရိစ္ဆာန်လောကအကြောင်း ပိုမိုသိရှိလာစေတယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ဒီသားကောင်က လက်ညိုးအရှည်ခန့်သာရှိကာ ဦးခေါင်းမှာ မျက်လုံးသုံးစက်နဲ့ ပါးစပ်အဝိုင်းမှာ သွားတွေရှိတယ်လို့ ဆိုပါတယ်။
▪️ ခန္ဓာကိုယ်ဘေးဖက်တွေမှာ ရေယက်ပြားတွေရှိပြီး ဦးခေါင်းကနေ အချွန်တွေ ထက်နေပါတယ်။
▪️ မျိုးသုဉ်းမျိုးစိတ် ရေဒီယိုဒန့်မျိုးနွယ်ဝင် Mosura ကို တွေ့ရှိတာက အခြားမျိုးနွယ်တွေထက် ရုပ်ကြွင်းပိုမိုရှုပ်ထွေးနေပါတယ်။
▪️ ခန္ဓာကိုယ်မှာ အပိုင်းအဆစ် ၁၆ ခုပါဝင်တာကြောင့် ယနေ့ခေတ် ကျောရိုးမဲ့အဆစ်များသတ္တဝါမျိုးနဲ့ ဆင်တူနေပါတယ်။
▪️ သူတို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိပြီး လုပ်ဆောင်ချက်အမျိုးမျိုး လုပ်နိုင်တယ်လို့ တွေ့ရှိပါတယ်။
▪️ ဒါ့အပြင် Mosura ရဲ့ သွေးလည်ပတ်စနစ်မှာ နှလုံးကနေ ညှစ်ထုတ်လိုက်တဲ့ သွေးတွေက ကိုယ်တွင်းခေါင်းနေရာတွေဆီ ရောက်ရှိတာကိုလည်း တွေ့ရပါတယ်။
▪️ Mosura တွေ့ရှိမှုက ကမ်ဘရီယန်ခေတ်မတိုင်ကပင် ကမ္ဘာပေါ်မှာ အမျိုးမျိုးသောသတ္တဝါတွေ စတင်ဖြစ်ပေါ်လာပုံကို နားလည်သိရှိလာစေမယ်လို့ စမစ်ဆိုနီယန်ပြတိုက်မှ ကျောက်ဖြစ်ရုပ်ကြွင်းဇီဝပညာရှင် စတီးဝပ်အက်ဒီက ပြောပါတယ်။
#Source: NPR