#World_Science
Published 05 April 2025

▪️ ကမ္ဘာတဝှမ်းက ရေခဲပြင်မြစ်တွေ လျင်မြန်စွာ အရည်ပျော်နေပြီး ၂၀၀၀ ခုနှစ်မှ ၂၀၂၃ အတွင်း ရေခဲတန်ချိန် ၆.၅၄၂ ထရီလီယံတန် ဆုံးရှုံးထားပါတယ်။

▪️ အန်ဒက်စ်ရေခဲပြင်မြစ် အရည်ပျော်လာခြင်းကြောင့် ထိုရေခဲမြစ်အပေါ် မှီခိုနေထိုင်တဲ့သူတွေအတွက် သိပ္ပံပညာရှင်များက သတိပေးလိုက်ပါတယ်။

▪️ အန်ဒီယန်တောင်တန်းကြီး(ခေါ်) အန်ဒက်စ်ဟာ အာဂျင်တီးနား၊ ချီလီ၊ ဘိုလစ်ဗီးယား၊ ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာတို့အထိ ဖြန့်ကျက်နေပြီး ဒေသခံများအတွက် သုံးရေ၊ ရေအားလျှပ်စစ်၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးသီးနှံ ရေမြောင်းသွင်းခြင်း၊ မွေးမြူရေးကဏ္ဍတို့အတွက် ပံ့ပိုးပေးနေပါတယ်။

▪️ ဒီရေခဲပြင်မြစ်တွေက တစ်နှစ်ကို ၀.၇ မီတာ ပါးလွှာလာပြီး ကမ္ဘာ့ပျမ်းမျှနှုန်းထက် ၃၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်နေကာ ဒေသတွင်းရှိ လူပေါင်းသန်း ၉၀ရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နေပါတယ်။

▪️ ဒီလိုနှုန်းမျိုးဖြင့် အရည်ပျော်ရတာဟာ ရာသီဥတုဖောက်ပြန်ပြီး အပူချိန်များလာတာက အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

▪️ စက်မှုခေတ်မတိုင်မီကထက် ၂ ဒီဂရီဆဲလ်စီးယပ်စ်အောက်အထိ ကမ္ဘာ့အပူချိန်လျှော့ချရန် ပစ်မှတ်နေရာကနေ ဝေးကွာလာကြပါတယ်။

▪️ ရေရင်းမြစ် ထိရောက်စွာ စီမံခြင်း၊ ထောက်ပံ့မှုနဲ့ လိုအပ်ချက် ပြောင်းလဲလာခြင်း၊ ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု ထိန်းချုပ်ခြင်းတို့က ဒီဒေသကို သက်ရောက်နေပါတယ်။

▪️ ၂ ဒီဂရီထက် ပိုမိုပူနွေးလာပါက ၂၁၀၀ ခုနှစ်အရောက် အန်ဒက်စ်မှာ လုံးဝရေခဲမရှိနိုင်တော့ဘူးလို့ ခန့်မှန်းနေကြပါတယ်။

▪️ ရေခဲပြင်မြစ်တွေ အရည်ပျော်လာပါက နေထိုင်သူတွေ မှီခိုနေရတဲ့ ရေချိုရင်းမြစ်တွေအပေါ် ထိခိုက်လာနိုင်ပါတယ်။

▪️ ဆလိုဗေးနီးယား၊ ဗင်နီဇွဲလားတို့မှာ ရေခဲပြင်မြစ်အားလုံး ဆုံးရှုံးရနိုင်ခြေ ရှိနေကာ ဥရောပအလယ်ပိုင်း၊ ကော်ကေးရှပ်စ်ဒေသ၊ နယူးဇီလန်၊ အာရှအလယ်ပိုင်းအချို့နိုင်ငံတွေနဲ့ ဟိမဝန္တာတို့ဟာ ၂၁၀၀ အရောက်မှာ ရေခဲမြစ်များ ဆုံးရှုံးဖို့ရှိနေပါတယ်။

▪️ ရေခဲပြင်မြစ်များ ဆုံးရှုံးမှုကို ဖြေရှင်းရန်မှာ တစ်ကမ္ဘာလုံးမှ ပူးပေါင်းရန်လိုအပ်ပြီး ရာသီဥတုဖောက်ပြန်မှုအတွက် ကမ္ဘာတဝှမ်းမှ ရည်မှန်းချက်များနဲ့ ကိုက်ညီဖို့လိုပါတယ်။

#Source: India Today