#World_Health
Published 05 March 2025

▪️ ကိုဗစ်ကပ်ရောဂါကာလအတွင်း ကိုဗစ်ကာကွယ်ဆေးတွေကြောင့် လူသန်းနဲ့ချီ အသက်သေဆုံးခြင်းမှ ကာကွယ်နိုင်ခဲ့ပါတယ်။

▪️ ဒါပေမဲ့ ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးများ ဖြစ်ကြတဲ့အကြောင်းတွေ ကြားနေရပြီး ယေးလ်တက္ကသိုလ်မှ သုတေသီများက ကာကွယ်ဆေးနောက်ဆက်တွဲ လက္ခဏများ(PVS)အကြောင်း ထဲထဲဝင်ဝင် လေ့လာခဲ့ကြပါတယ်။

▪️ PVS ဖြစ်တဲ့လူတွေရဲ့ ကိုယ်ခံအားဖြစ်စဉ်ပုံစံနဲ့ အခြားသူတွေရဲ့ ပုံစံကွဲပြားပုံတွေကို လေ့လာနေကြပြီး အစောပိုင်းအဆင့်သာရှိသေးကာ တွေ့ရှိချက်တွေကို အတည်ပြုဖို့ လိုသေးတယ်လို့ ယေးလ်ဆေးတက္ကသိုလ်မှ ကိုယ်ခံအားဗေဒ ပရော်ဖက်ဆာ အာကီကိုအီဝါဆာကီက ပြောသွားပါတယ်။

▪️ PVS ရဲ့ နာတာရှည် လက္ခဏာများအနေဖြင့် လေ့ကျင့်ခန်း မလုပ်နိုင်ခြင်း၊ အလွန်အမင်း နွမ်းနယ်ခြင်း၊ ဦးနှောက်ထိုင်းမှိုင်းခြင်း၊ အိပ်မပျော်ခြင်း၊ မူးဝေခြင်းတို့ ဖြစ်နိုင်ပါတယ်။

▪️ ဒီလက္ခဏာတွေ ကာကွယ်ဆေးထိုးပြီးနောက် ရက်ပိုင်းအတွင်းမှာတင် ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းမှာ ပိုမိုဆိုးရွားလာတတ်ပါတယ်။

▪️ ကိုဗစ်နောက်ဆက်တွဲ လက္ခဏာများနဲ့ ကာကွယ်ဆေးနောက်ဆက်တွဲ လက္ခဏာများအကြောင်း နားလည်သိရှိဖို့ သုတေသီများက သွေးနမူနာများ ဆန်းစစ်ခဲ့ကြပါတယ်။

▪️ လက္ခဏာမပေါ်တဲ့ လူတွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ ကိုယ်ခံအားဆဲလ်တွေနဲ့ ပတ်သက်ပြီး ကွဲပြားချက်တွေ တွေ့ရှိခဲ့ကြပါတယ်။

▪️ PVS ဖြစ်တဲ့လူတွေထဲမှာ SARS-CoV-2 စပိုက်ခ်ပရိုတိန်း မြင့်မားနေတာတွေ့ခဲ့ကြပြီး ဒါကနေပဲ ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။

▪️ PVS အကြောင်း ပိုမိုနားလည်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ပိုမိုထိရောက်တဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်လာနိုင်မယ်လို့ သုတေသီများ ဆိုပါတယ်။

▪️ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ရဲ့ ဖော်ပြချက်အရ ကာကွယ်ဆေးတွေဟာလည်း အခြားဆေးတွေလိုပဲ ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါတယ်။

▪️ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးလို့ ပြင်းထန်တဲ့တုံ့ပြန်မှုဖြစ်တာကတော့ အလွန်ရှားပါးပါတယ်။

#Source: Times of India