#World_News
Published 25 April 2025

▪️ အမေရိကန်က ဆော်ဒီအာရေဗျကို ဒေါ်လာ ၁၀၀ ဘီလီယံကျော်တန်ကြေးရှိတဲ့ လက်နက်ထောက်ပံ့မှုကြီး ကမ်းလှမ်းသွားရန် ဟန်ပြင်နေတယ်လို့ သတင်းတိုက်ရိုက်နီးစပ်သူ ၆ ဦးက ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

▪️ သမ္မတ ဒေါ်နယ်ထရမ့် မေလအတွင်း ဆော်ဒီသို့သွားရောက်လည်ပတ်တဲ့အခါ ဒီကမ်းလှမ်းချက်ကို ကြေညာသွားရန် ထည့်သွင်းစဉ်းစားထားပါတယ်။

▪️ ဆော်ဒီအာရေဗျနဲ့ အစ္စရေးလ် ဆက်ဆံရေးပုံမှန်ပြန်ဖြစ်စေရန် မျှော်မှန်းတဲ့ သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ကာကွယ်ရေးသဘောတူညီချက်တစ်ခုကို သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က အောင်မြင်စွာ အပြီးမသတ်နိုင်ခဲ့တဲ့နောက် အခုလို ထောက်ပံ့မှုကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

▪️ ဘိုင်ဒင်တို့က အမေရိကန်တို့ရဲ့ အဆင့်မြင့်လက်နက်ပစ္စည်းများ ဝယ်ယူခွင့်အတွက် ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ တရုတ်လက်နက်ဝယ်ယူမှုများ ရပ်တန့်ကာ ဆော်ဒီတိုင်းပြည်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်ပေးရမှာဖြစ်ပါတယ်။

▪️ ထရမ့်အစိုးရအဖွဲ့ တင်သွင်းချက်မှာတော့ အလားတူသတ်မှတ်ချက်များ ပါဝင်လားဆိုတာ မသိရပါဘူး။

▪️ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက "ဆော်ဒီနဲ့ ကာကွယ်ရေးဆက်ဆံမှုဟာ ထရမ့်လက်အောက်မှာ ပိုမိုခိုင်မာလာပြီး လုံခြုံရေးပူးပေါင်းမှု ဆက်လက်ထိန်းသိမ်းဖို့က အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

▪️ Lockheed Martinကုမ္ပဏီက C-130လေယာဉ်အပါအဝင် အဆင့်မြင့်လက်နက်စနစ် အမျိုးမျိုးနဲ့ ဒုံးကျည်များထောက်ပံ့နိုင်သလို Raytheon Technologies(RTX)ကုမ္ပဏီကလည်း အရေးပါတဲ့ကဏ္ဍမှ ပါဝင်သွားဖို့ ရှိပါတယ်။

▪️ ကာကွယ်ရေးကုမ္ပဏီများမှ အမှုဆောင်အများအပြားက ဆော်ဒီသို့ သွားရောက်ဖို့လည်း စဉ်းစားနေကြပါတယ်။

▪️ အမေရိကန်ဟာ ဆော်ဒီကို လက်နက်များထောက်ပံ့တာ ကြာပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်က ထရမ့်ဟာ ဒေါ်လာ ၁၁၀ ဘီလီယံတန်ကြေးရှိ ရောင်းချမှုကိုလည်း ကမ်းလှမ်းခဲ့ပါသေးတယ်။

▪️ ၂၀၂၁ ဘိုင်ဒင်လက်ထက်မှာတော့ ခါရှိုဂီအသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီအာရေဗျသို့ တိုက်ခိုက်ရေးလက်နက်များ ရောင်းချမှုကို ပိတ်ပင်ခဲ့ပါတယ်။

#Source: Reuters