#World_News
Published 18 June 2025
▪️ အီရန်နဲ့ အစ္စရေးလ်စစ်ပွဲဟာ ၆ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြွင်းချက်မရှိလက်နက်ချရန် ပြောထားပေမယ့် ဗုဒ္ဓဟူးနေ့မှာ နှစ်နိုင်ငံ အပြန်အလှန် ထပ်မံပစ်ခတ်ခဲ့ကြပါတယ်။
▪️ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း ပထမဆုံး ၂ နာရီအတွင်းမှာ အီရန်ဘက်က ဒုံးကျည်များဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ပြောထားကာ မြို့တော်တဲလ်အဗစ်မှာ ပေါက်ကွဲသံတွေ ကြားရပါတယ်။
▪️ အစ္စရေးလ်က အီရန်စစ်တပ်နေရာများကို လေကြောင်းတိုက်ခိုက်နိုင်ရန်အတွက် အီရန်အရပ်သားများ တဟီရန်ကနေ ထွက်ပြေးတိမ်းရှောင်ဖို့ ပြောထားပါတယ်။
▪️ အီရန်သတင်းဝက်ဘ်ဆိုက်ဖော်ပြချက်အရ တဟီရန်နဲ့ ကာရက်ဂျ်မြို့တို့မှာ ပေါက်ကွဲသံတွေ ကြားရတယ်လို့ သိရပါတယ်။
▪️ ထရမ့်က အမေရိကန်ဟာ သည်းခံနိုင်စွမ်းမရှိတော့ကြောင်း ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကာ အီရန်ခေါင်းဆောင်ကို သတ်ရန် အခုအချိန်မှာ ရည်ရွယ်ချက်မရှိပေမယ့် သူ့ရဲ့မှတ်ချက်စကားက အီရန်အပေါ် ပိုပြီးရန်လိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ "အီရန်ခေါင်းဆောင် အယာတိုလာအလီခါမီနီ ပုန်းနေတဲ့နေရာကို အတိအကျသိထားပါတယ်။ အခုအချိန်တော့ သူ့ကိုသတ်မှာမဟုတ်ပေမယ့် စိတ်ရှည်သည်းခံနိုင်စွမ်း လျော့နည်းလာပြီ။ ခြွင်းချက်မရှိ လက်နက်ချပါ" လို့ ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ ပဋိပက္ခနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ မှတ်ချက်စကားတွေက တစ်ခါတရံမှာ ထူးခြားဆန့်ကျင်တဲ့သဘော ရှိတာကြောင့် မရေရာမှုပိုဖြစ်လာတတ်ပါတယ်။
▪️ အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှာ တိုက်လေယာဉ်တွေ ထပ်မံနေရာချထားကာ အခုအချိန်ထိတော့ အီရန်ဘက်ကနေ အစ္စရေးလ်ကို ပစ်လိုက်တဲ့ ဒုံးကျည်တွေကို ပစ်ချကာကွယ်ရာမှာပဲ ပါဝင်နေပါသေးတယ်။
▪️ ယခုအချိန်အထိ အစ္စရေးလ်တိုက်ခိုက်မှုကြောင့် အီရန်စစ်တပ်မှ ထိပ်သီးအရာရှိများနဲ့ လုံခြုံရေးအရာရှိများ သေဆုံးထားပါတယ်။
#Source: Reuters