#World_News
Published 18 April 2025

▪️ လက်ထောက်ရဲမှူးတစ်ဦးရဲ့ သားဖြစ်သူဟာ ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှာ လူ ၂ ဦးကိုပစ်သတ်ခဲ့ပြီး ၄ ဦးဒဏ်ရာရရှိစေခဲ့ပြီးနောက် ရဲအရာရှိများပစ်ခတ်ခဲ့ကြရာမှာ ဆေးရုံတင်ခဲ့ရတယ်လို့ အာဏာပိုင်များပြောသွားပါတယ်။

▪️ သေနတ်သမားဟာ လီယွန်ကောင်တီ လက်ထောက်ရဲမှူးတစ်ဦးရဲ့ သားဖြစ်တယ်လို့ ရဲတွေယုံကြည်ထားပြီး တစ်ဦးတည်းကျူးလွန်ခဲ့တာဖြစ်ကာ ရည်ရွယ်ချက်ကို မသိရသေးပါဘူး။

▪️ တရားခံဖြစ်သူက သူ့အမေတစ်ချိန်က အမှုထမ်းစဉ်က သေနတ်ကိုရရှိခဲ့တာပါ။

▪️ သူ့အမေဟာ ရဲဌာနကနေ ဝယ်ယူခဲ့တာဖြစ်ပြီး အခုတော့ ကိုယ်ပိုင်သေနတ်ဖြစ်နေပါတယ်။

▪️ ကံမကောင်းစွာနဲ့ပဲ သားဖြစ်သူက သူ့သေနတ်တွေထဲကတစ်ခုကို ရရှိသွားခဲ့တယ်လို့ လီယွန်ကောင်တီရဲမှူး ဝေါလ်တာမက်နေးလ်က မီဒီယာရှင်းလင်းပွဲမှာ ပြောပြပါတယ်။

▪️ အသက် ၂၀ အရွယ်တရားခံ ဖီးနစ်အစ်ကာဟာ တယ်လာဟာဆီရှိ ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်တယ်လို့ ယူဆရကြောင်း တက္ကသိုလ်ရဲတပ်ဖွဲ့အကြီးအကဲ ဂျေဆန်ထရမ်ဘာဝါက ပြောပါတယ်။

▪️ ရဲအရာရှိတွေက သေနတ်သမားကို လက်နက်ချဖို့ ညွှန်ကြားရာမှာ မလိုက်နာခဲ့တာကြောင့် ပစ်ခတ်ခဲ့ကြပြီး ထိန်းသိမ်းလိုက်ရတယ်လို့ အာဏာပိုင်များဆိုပါတယ်။

▪️ သေနတ်သမားအပြင် ဒဏ်ရာရသူ ၄ ဦးကို ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

▪️ လတ်တလောနှစ်တွေမှာ အမေရိကန်ကျောင်းဝင်းတွေမှာ လူအစုလိုက်ပစ်သတ်မှုများ ပြန်လည်ဖြစ်ပေါ်နေပါတယ်။

▪️ ကြာသပတေးနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်မှာ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောင်းဝင်းကြီးထဲမှာ ကျောင်းသားပေါင်း ၄၂,၀၀၀ ကျော်တက်ရောက်နေခဲ့ပါတယ်။

▪️ သေနတ်အသေးအပြင် တရားခံဟာ ပြောင်းချောသေနတ်တစ်လက်ကိုလည်း ကျောင်းဝင်းထဲ ယူလာခဲ့ပြီး ထိုသေနတ်ပစ်ခတ်ခဲ့သေးလားဆိုတာတော့ အာဏာပိုင်တွေ သေချာမသိပါဘူး။

#Source: Reuters