ဩဂုတ်၁၄၊ ၂၀၂၅ -
▪️ဗုဒ္ဓဟူးနေ့က ဖက်ဒရယ်အယူခံတရားရုံးတစ်ခုက သမ္မတထရမ့်ကို အနိုင်ပေးလိုက်ပါတယ်။ အစိုးရအဖွဲ့ အနေနဲ့ ကွန်ဂရက်က နိုင်ငံခြားအကူအညီအတွက် ရည်ရွယ်ထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို ဆက် ပြီးရပ်ဆိုင်းထားနိုင်၊ ဒါမှမဟုတ် ရပ်ပစ်နိုင်တယ်လို့ တရားရုံးက စီရင်လိုက်ပါတယ်။
▪️အမေရိကန် ပြည် ထောင်စုရဲ့ ကိုလံဘီယာခရိုင်တရားရုံးရဲ့ အယူခံတရားသူကြီးအဖွဲ့က ၂-၁ မဲနဲ့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒီအမှု ကို တရားစွဲဆိုသူတွေဖြစ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေဟာ တရားစွဲဆိုခွင့် မရှိဘူးလို့ ပြော ပါတယ်။ နိုင်ငံခြားအကူအညီတွေကို ရပ်ဆိုင်းပစ်တာဟာ သမ္မတအနေနဲ့ ဇန်နဝါရီလမှာ ရာထူး စတင်ယူတဲ့ ပထမဆုံးနေ့မှာပဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
▪️ပြဿနာဖြစ်နေတဲ့ ဒီငွေတွေထဲမှာ စက်တင်ဘာလအထိ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် တွေအတွက် ဒေါ်လာ ၄ ဘီလီယံနီးပါးနဲ့ ၂၀၂၈ ခုနှစ်အထိ HIV နဲ့ AIDS အစီအစဉ်တွေအတွက် ဒေါ်လာ ၆ ဘီလီယံကျော် ပါဝင်ပါတယ်။
▪️သမ္မတ ထရမ့်ကတော့ နိုင်ငံရပ်ခြားမှာ ရောဂါဖြစ်ပွားမှုနဲ့ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ဖို့အတွက် သုံးစွဲ နေတဲ့ နိုင်ငံခြားအကူအညီပေးရေးအစီအစဉ်တွေကို "အလဟဿ" လို့ ပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့က နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ ဘီလီယံ ၃၀ လောက်ကို ကြီးကြပ်စီမံခဲ့တဲ့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
▪️နိုင်ငံခြားအကူအညီ ထောက်ပံ့ငွေ ရရှိနေတဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အစိုးရအဖွဲ့ကို တရားစွဲခဲ့ကြပါတယ်။ မတ်လမှာ အမေရိကန် ခရိုင်တရားသူကြီး Amir Ali က အစိုးရအဖွဲ့ဟာ ကွန်ဂရက်က သတ်မှတ်ပေးထားတဲ့ရန်ပုံငွေတွေကို ဥပဒေနဲ့မညီဘဲ ရပ်ဆိုင်းခဲ့တယ် လို့ ပြောကြားခဲ့ပြီး ရန်ပုံငွေရပ်ဆိုင်းမှုအပေါ် ကနဦးတားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။
▪️ဗုဒ္ဓဟူးနေ့က စီရင်ချက်က အောက်တရားရုံးရဲ့ ကနဦးတားမြစ်မိန့်ကို ပြောင်းပြန်လှန်ခဲ့ပေမဲ့၊ ကွန်ဂရက် က ခွဲဝေချထားပေးထားတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းပစ်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီ ဆိုတာကိုတော့ တရားသူကြီးအဖွဲ့က အဆုံးအဖြတ်မပေးခဲ့ပါဘူး။
Source NPR