Published 03 June 2024
အမျိုးမျိုးသော ဗိုင်းရပ်စ်များကြား မျိုးစပ်ပေါက်ဖွားခြင်းကနေ အန္တရာယ်ပိုပေးနိုင်မယ့် ဗိုင်းရပ်စ်မျိုးနွယ်သစ် ပေါ်ထွက်လာနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ သတိပေးလိုက်ပါတယ်။
ဒီလိုဗိုင်းရပ်စ်တွေဟာ ကိုဗစ်ရောဂါလိုမျိုး နောက်ထပ်ကပ်ဘေးတစ်ခု ဆိုက်ကပ်နိုင်ဖွယ်ရှိတယ်လို့ ဂျာမန်ကင်ဆာ သုတေသနစင်တာ (DKFZ)မှ ဗိုင်းရပ်စ်ပညာရှင်များက ပြောပါတယ်။
ကျောရိုးရှိသတ္တဝါများရဲ့ အထဲမှာ ဗိုင်းရပ်စ်မျိုးစိတ်အမျိုးမျိုးက ရောဂါပိုးအသစ်များ ဖြစ်ပေါ်စေတဲ့အခါ ဗိုင်းရပ်စ်များ သဘာဝအတိုင်း ဗီဇဆင့်ကဲပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်ပါတယ်။
လေ့လာခဲ့တဲ့ ဗိုင်းရပ်စ်အများစုက လူသားတွေမှာ သိပ်ပြီးမသိရသေးတာကြောင့် လူသားတွေ၊ ဒေသတွင်း တိရိစ္ဆာန်တွေ၊ စိုက်ပျိုးပင်တွေမှာ ရောဂါတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ပိုပြီးအာရုံစိုက်လေ့လာနေကြပါတယ်။
AI ထောက်ကူပြု နည်းလမ်းအသစ်ဖြင့် အချက်အလက်ပေါင်း ၃ သိန်းကို လေ့လာနိုင်ခဲ့ကြပါတယ်။
နီဒိုဗိုင်းရပ်စ်ဆိုတာက RNA ဖြင့်ဖွဲ့စည်းထားပြီး အခြား RNA ဗိုင်းရပ်စ်များထံမှ ကွဲပြားတဲ့ လက္ခဏာများရှိပါတယ်။
တိရိစ္ဆာန်တွေအနေနဲ့ တစ်ချိန်တည်းမှာပဲ အမျိုးမျိုးသောဗိုင်းရပ်စ်များ ကူးစက်တဲ့အခါ ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ထွက်လာတတ်ပါတယ်။
ထိုကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းက ကူးစက်ခံရသူမှာ အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါဖြစ်လာစေနိုင်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်အများအပြား သယ်ဆောင်နိုင်တယ်လို့ သိထားတဲ့ လင်းနို့တွေမှာ ဗိုင်းရပ်စ်များ မျိုးစပ်ပေါက်ဖွားခြင်းမျိုး ဖြစ်နိုင်ပါတယ်။
Source: WION.
#World_Science
#Published_04 June 2024
#YMG #Yangon_Times #Yangon_Media_Group