Published 18 May 2024

ဂရိပ်ဖရုသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။

အချဥ်သီးအမျိုးအစားဖြစ်တဲ့ ဂရိပ်ဖရုဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်များ ကြွယ်ဝတယ်လို့  အသိအမှတ်ပြု အာဟာရပညာရှင် အယ်ရင်ပယ်လန်စကီဝိတ်ဒ်က ပြောပြပါတယ်။

အာဟာရဓာတ်များ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မမြင့်စေပါဘူး။

အမျှင်ဓာတ်က အူလမ်းကြောင်း ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်ပြည့်စေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပေးပါတယ်။

ဂရိပ်ဖရုတစ်လုံးစားခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင်-စီ ပေးစွမ်းနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးကာ ကော်လာဂျင် ထုတ်လုပ်ပေးပါတယ်။

ရေဓာတ်ကြွယ်ဝတဲ့အတွက် အသားအရေ ဝင်းပစေပါတယ်။

ဂရိပ်ဖရုက အက်ဆစ်ဓာတ် ပါဝင်တာကြောင့် အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်တဲ့ လူတွေမှာ ပိုဆိုးစေနိုင်ပါတယ်။

အစာအိမ်နံရံရောင်ခြင်း၊ အစာအိမ် အူသိမ် အစာရေမျိုတို့မှာ အနာဖြစ်ခြင်း ခံစားရတဲ့သူတွေလည်း ဂရိပ်ဖရုကို ရှောင်ရှားသင့်တယ်လို့ ဟော့ပ်ကင်းစ်ဆေးဌာနက ဆိုပါတယ်။

အချို့သောဆေးဝါးတွေကို ချေဖျက်ရာမှာ ကူညီပေးတဲ့ အင်မ်ဇိုင်းတစ်မျိုးကိုလည်း ဟန့်တားတာမျိုး ရှိပါတယ်။

ထိုဆေးတွေထဲမှာ ကိုလက်စ်ထရောလ် ချပေးတဲ့ အေတိုဗာစတက်တင်၊ လိုဗာစတက်တင်၊ ဆင်မ်ဗာစတက်တင်၊ အလာ့ဂျစ်ဆေး ဖက်ဆိုဖာနာဒင်း၊ သွေးပေါင်ချိန်ထိန်းဆေး နစ်ဖက်ဒီပင်း၊ ကိုယ်ခံအားနှိမ့်ဆေး ဆိုက်ကလိုစပိုရင်းတို့ ပါဝင်ပါတယ်။
Source: New York Post.
#World_Health
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group