#World_Health
Published 10 May 2024


▪️ နံနက်အိပ်ရာနိုးတဲ့အခါ ပျော်ရွှင်တက်ကြွဖို့အတွက်က စနစ်ကျကျနဲ့ လက်တွေ့ကျကျလေး လုပ်တတ်ဖို့လိုတယ်လို့ မီချီဂန်မှ လိုင်စင်ရ စိတ်ရောဂါပညာရှင် ဒေါက်တာ မစ်ရှဲလ်လီနိုက ပြောပြသွားပါတယ်။

 

▪️ နံနက်အိပ်ရာနိုးတဲ့အခါ မပြုလုပ်သင့်တဲ့ အချက်တွေနဲ့ ပြုလုပ်သင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

▪️ မပြုလုပ်သင့်တာတွေကတော့..
-        အိပ်ရာနိုးတာနဲ့ လက်ကိုင်ဖုန်းတန်းကြည့်တာဟာ မလိုလားအပ်တဲ့ ဖိအားများ ဝင်ရောက်စေနိုင်ပါတယ်။

 

-        နိုးစက်ပေးတဲ့အခါ ကျယ်လောင်ဆူညံတဲ့ အသံမျိုးက စိုးရိမ်ပူပန်စိတ်ကို ဖြစ်စေပါတယ်။

 

-        အိပ်ရာနိုးစ ဦးနှောက်က အထက်မြက်ဆုံး ဖြစ်မနေသေးတဲ့ အချိန်မှာ ပြဿနာတွေဖြေရှင်းခြင်းက အလုပ်မဖြစ်ပါဘူး။

 

-        အရင်နေ့က အဆင်မပြေခဲ့တာကို ပြန်စဥ်းစားခြင်းဟာ ပြန်ပြီးအဖတ်ဆည်နိုင်မှာ မဟုတ်ပါဘူး။


 
▪️ ပြုလုပ်သင့်တဲ့အချက်တွေကတော့..


-        နံနက်ခင်းမှာ တရားထိုင်၊ အသက်ပြင်းပြင်းရှူခြင်းက စိတ်ကိုတည်ငြိမ်စေပြီး ခေါင်းကြည်လင်စေပါတယ်။

 

-        ဖြစ်ချင်တာတွေ ပြီးမြောက်ချင်တာတွေကို ဦးစားပေးပြီး  မှတ်သားပါ။

 

-        မိမိကျေနပ်ပျော်ရွှင်စေမယ့် အရာကို အိပ်ခန်းမှာ ချိတ်ထားပါ။

 

-        အကြောလျှော့တာမျိုး၊ ယောဂကျင့်တာမျိုး ပြုလုပ်ပါ။

 

-        ပြုလုပ်ချင်တာကို တစိုက်မတ်မတ် လေ့ကျင့်ပြုလုပ်ပါ။

 

#Source: New York Post