#World_News
Published 27 April 2024


▪️ ယခုနောက်ဆုံး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အပေါ် အစ္စရေးလ်ဘက်မှ တရားဝင်တုန့်ပြန်ချက်ကို ဟားမတ်စ်တို့က စနေနေ့မှာ လက်ခံရရှိခဲ့ပြီး ယင်းတို့ဘက်မှ ပြန်လည်ဖြေကြားခြင်း မပြုခင် လေ့လာသုံးသပ်သွားမယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ဂါဇာလက်ထောက် အကြီးအကဲက ထုတ်ပြန်လိုက်ပါတယ်။

 

▪️ ဧပြီ ၁၃ ရက်နေ့က ကြားဝင်စေ့စပ်သူများဖြစ်တဲ့ အီဂျစ်နဲ့ ကာတာတို့ထံ တင်ပြခဲ့တဲ့ အဆိုပြုချက်အပေါ် အစ္စရေးလ်တို့ရဲ့ တရားဝင်တုန့်ပြန်မှုကို ဟားမတ်စ်တို့ ယနေ့ လက်ခံရရှိခဲ့တယ်လို့ လက်ရှိကာတာမှာ ရှိနေတဲ့ ခါလီအယ်လ်ဟိုင်ယာက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

 

▪️ ဂါဇာမှာ စစ်ပွဲဖြစ်ပွားနေတာ ၆ လခန့် ကြာမြင့်နေပြီဖြစ်ရာ ညှိနှိုင်းလို့မရသေးဘဲ ဟားမတ်စ်ဘက်က စစ်ပွဲအဆုံးသတ်ရမယ်ဆိုတာမျိုးကိုပဲ အလိုရှိနေပါတယ်။

 

▪️ အီဂျစ်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က အစ္စရေးလ်မှ တာဝန်ရှိသူများနဲ့ ဆွေးနွေးရန် သောကြာနေ့က အစ္စရေးလ်သို့ သွားရောက်ခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး၊ ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ လက်ကျန်ဓားစာခံများ လွှတ်ပေးရေးတို့အတွက် ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် နည်းလမ်းရှာနေပါတယ်။

 

▪️ အစ္စရေးလ်ဘက်က အဆိုပြုချက်အသစ် တင်ပြတာမျိုးမရှိပေမယ့် ဓားစာခံ ၃၃ ဦး လွှတ်ပေးရေး သဘောတူညီချက်မျိုးကိုတော့ စဥ်းစားလိုတယ်လို့ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုပါတယ်။

 

▪️ အမေရိကန်နဲ့ အခြား ၁၇ နိုင်ငံက ပဋိပက္ခအဆုံးသတ်ရေးအတွက် ဓားစာခံအားလုံးကို ပြန်လွှတ်ပေးရန် ဟားမတ်စ်တို့ကို ကြာသပတေးနေ့က မေတ္တာရပ်ခံထားပါတယ်။

 

▪️ ဟားမတ်စ်တို့က နိုင်ငံတကာဖိအားတွေအောက် အလျှော့မပေးဖို့ စိတ်ဆုံးဖြတ်ထားပေမယ့် ပြည်သူတွေရဲ့ လိုအပ်ချက်၊ အခွင့်အရေးများကို ထည့်တွက်ထားတဲ့ အဆိုပြုချက်မျိုးဆိုရင်တော့ စဥ်းစားသွားမယ်လို့ သောကြာနေ့က ထုတ်ပြန်လိုက်ပါတယ်။

 

▪️ အစ္စရေးလ်ဘက်က ငြင်းပယ်ထားတဲ့ အချက်တွေကိုပဲ ဟားမတ်စ်တို့က ဆက်လက်အလိုရှိနေပြီး အပြီးသတ် အပစ်အခတ် ရပ်စဲရေးနဲ့ ဂါဇာမှ အစ္စရေးလ်တပ်များ ဆုတ်ခွာရန် တောင်းဆိုမှုကို မပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ အခြားနိုင်ငံများကို ဝေဖန်လိုက်ပါတယ်။

 

▪️ အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေး အကြံပေး ဂျိတ်ခ်ဆာလီဗန်က စစ်ပွဲအဆုံးသတ်ရေးနဲ့ လက်ကျန်ဓားစာခံများ လွှတ်ပေးရေး ဆွေးနွေးရာမှာ အရှိန်ရနေတာကို မြင်တွေ့နေရတယ်လို့ သောကြာနေ့က ပြောပါတယ်။

 

#Source: Reuters