#World_Health
Published 27 April 2024


▪️ ဥရောပမှာ အပူဒဏ်ပိုမိုပြင်းထန်လာပြီး လူ့ခန္ဓာကိုယ်က လိုက်ပြီး မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေတယ်လို့ မကြာသေးမီက ဖော်ပြလာကြကာ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အပူဒဏ်ကြောင့် သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

 

▪️ အပူလွန်ကဲခြင်းကြောင့် အပြင်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားများ၊ သက်ကြီးရွယ်အိုများ၊ နှလုံးသွေးကြောရောဂါ ဆီးချိုရောဂါရှိသူများမှာ ကျန်းမာရေးအန္တရာယ် ရှိနိုင်တယ်လို့ အီးယူ ရာသီဥတု စောင့်ကြည့်ရေးဌာနဲ့ ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်းတို့က ဧပြီ ၂၂ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

 

▪️ အပူလှိုင်းများကြောင့် ဥရောပတောင်ပိုင်းရဲ့ ၄၁ ရာခိုင်နှုန်းလောက်ဟာ အပူဒဏ်အပြင်းထန်ဆုံး ခံစားနေရပြီး ဥရောပမှာ ဒီလိုမျိုးခံစားနေရတဲ့ အကြီးမားဆုံး နေရာဒေသဖြစ်နေတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။


မှတ်တမ်းများအရ ယမန်နှစ်ဟာ တစ်ကမ္ဘာလုံးမှာ အပူဆုံးနှစ်ဖြစ်ခဲ့ပြီး ဥရောပက အလျင်မြန်ဆုံးပူနွေးလာတဲ့ တိုက်ကြီးဖြစ်နေပါတယ်။

 

▪️ ၂၀၂၃ ဇူလိုင်လက အီတလီမှာ အပူဒဏ်ကြောင့် သေဆုံးမှု ၇ ရာခိုင်နှုန်း များလာပြီး သေဆုံးသူတွေထဲမှာ လိုဒီမြို့ လမ်းအမှတ်အသား ဆေးသုတ်သူတစ်ဦးက လဲကျသေဆုံးခဲ့ပါတယ်။

 

▪️ ၄၆ ဒီဂရီဆဲလ်စီးယပ်စ်လို အပူချိန်မျိုးဟာ အပူရှပ်ခြင်းနဲ့ အခြားပြဿနာတွေ ဖြစ်တတ်တဲ့အတွက် သတိထားရမယ့် အနေအထားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

▪️ အပူလွန်ကဲခြင်း ဖြစ်ရတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း၊ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်တို့နဲ့ ပတ်သက်နေပါတယ်။

 

▪️ ပြီးခဲ့တဲ့လက ဥရောပသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ရာသီဥတု ပြောင်းလဲမှုအတွက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ ပြင်ဆင်ထားရန် အစိုးရတွေကို တိုက်တွန်းလိုက်ပြီး အပြင်မှာအလုပ်လုပ်ရတဲ့ အလုပ်သမားများ အပူဒဏ်လွန်ကဲခြင်း မဖြစ်ရအောင် ကာကွယ်ရေးအတွက် အီးယူစည်းမျဥ်းများ ထုတ်ပြန်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

 

#Source: WION