၁၇ အောက်တိုဘာ ၂၀၂၃

တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယနေ့ အောက်တိုဘာ ၁၇ ရက် အင်္ဂါနေ့မှာ ဘေဂျင်းကို ရောက်ရှိလာပါတယ်။  ရုရှားနှင့်တရုတ်နှစ်နိုင်ငံအကြား ယုံကြည်မှုနှင့် အကန့်အသတ်မဲ့ မိတ်ဖက်ဖြစ်မှုကို ပြသဖို့ဖြစ်တယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။

ဒါဟာ ပူတင်အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ဖမ်းဝရမ်းအထုတ်ခံရပြီး ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်ဖြစ်ပါတယ်။ သူဟာ ဒီလစောစောပိုင်းက ကာဂျစ်စတန်ကို သွားရောက်ခဲ့ပါတယ်။

ပူတင်ကို ဘေဂျင်းနိုင်ငံတကာလေဆိပ်မှာ တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောက်က ကြိုဆိုခဲ့ပါတယ်။

မော်စကိုကို သမ္မတရှီအလည်အပတ်ရောက်တုန်း ပူတင်ကို ဘေဂျင်းမှာပြုလုပ်မယ့် တတိယအကြိမ် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်ဖိုရမ် ကို တက်ရောက်ဖို့ ဖိတ်ခဲ့တာဖြစ်ပါတယ်။

ပူတင်ဟာ အဆိုပါဖိုရမ်ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ပြီး အင်္ဂါနေ့မှာ ဗီယက်နမ်၊ထိုင်း၊မွန်ဂိုလီးယားနှင့်လာအို ခေါင်းဆောင်တွေ  နှင့်ဘေဂျင်းမှာ တွေ့ဖို့ရှိပါတယ်။ အဲဒီအပြင် ဗုဒ္ဓဟူးနေ့မှာကျင်ပမယ့် ဖိုရမ်မှာ တရုတ်သမ္မတရှီမိန့်ခွန်းပြောအပြီးမှာ ပူတင်က မိန့်ခွန်းပြောမှာဖြစ်ပြီး အဲဒီရက်မှာပဲ ရှီနှင့် နှစ်နိုင်ငံအကြားတွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ပူတင်ဟာ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမှာကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်ဖွင့်ပွဲကို   တက်ရောက်ခဲ့  ပါတယ်။ ပူတင်ဟာ ရပ်ဝန်းတစ်ခုလမ်းကြောင်းတစ်သွယ်ဖိုရမ်ကို ယခုတတိယအကြိမ်တက်ရောက်ခြင်းဖြစ်ပြီး ၂၀၁၇နှင့် ၂၀၁၉မှာ ကျင်းပခဲ့တဲ့ ဖိုရမ်တွေကိုလည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Source; Reuters

.