အမေရိကန် ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းက သူ့အနေနှင့် သမ္မတဂျိုးဘိုင်ဒင်ကို မဲပေးမိလို့ နောင်တရမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ဒင်ဟာ အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းကောင်းဆွဲသွင်းလိမ့်မယ်လို့ လည်း သူက ဝေဖန်လိုက်ပါတယ်။

မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ရပ်ဆဲလ်ဘရန်းရဲ့ ရုပ်သံဆွေးနွေးခန်း"Stay Free" မှာ သူက ပြောကြားလိုက်တာပါ။ စတုန်းဟာ "Ukraine on Fire."ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်အပါအဝင် သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကားတွေနှင့် နိုင်ငံတကာ ဆုတွေရရှိခဲ့သူဖြစ်ပါတယ်။

“ ဒီစစ်ပွဲ(ယူကရိန်းစစ်ပွဲ) ရဲ့ အကြောင်းပြချက်တွေကိုကြည့်လိုက်ပါ။ အမေရိကန်က ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တာလို့ လွယ်လွယ်ပြောလိမ့်မယ်။ ဒီစစ်ပွဲရဲ့ ဇာစ်မြစ်က  အမေရိကန်က ကမကထပြုထောက်ခံပေးတဲ့ ၂၀၁၄ အာဏာသိမ်းမှုပဲဖြစ်တယ်။ ဒါဟာ ရုရှားဖက်ဒရေးရှင်းကို ထိုးဖောက်ဖို့ လေးနက်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်” လို့ စတုန်း က ရုပ်သံအစီအစဉ်မှာပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ယင်းရဲ့ ကိုယ့်သေတွင်းကိုယ်တူးမယ့် လမ်းကြောင်းကို မရှောင်ကွင်းနိုင်ဘူးဆိုရင် တတိယကမ္ဘာစစ်နှင့် ရင်ဆိုင်ရနိုင်တယ်။ ပြီးတော့ ဘိုင်ဒင်ဦးဆောင်မှုလည်း ပျက်သုဉ်းလိမ့်မယ်” လို့ သူကပြောပါတယ်။

“ ဘိုင်ဒင်လုပ်နေတာတွေမရပ်တန့်ဘူးဆိုရင်.. သူ့ကိုကျွန်တော်မဲပေးခဲ့တာ ကျွန်တော်မှားခဲ့တာ.. သူဟာ အဘိုးကြီးမို့လို့ စိတ်တည်တည်ငြိမ်ငြိမ်ရှိမယ် ပိုနူးညံ့မယ်လို့ ကျွန်တော်ကထင်ခဲ့တာ ယခုသူမှာ အဲဒါတွေတစ်ခုမှမမြင်ရဘူး”လို့ စတုန်းက ဆက်ပြောပါတယ်။

Source : foxnews.com