Published_15 July 2023

ဆံပင်ညှပ်ဆရာ၊ အလှပြင်ဆရာမ၊ စာရင်းကိုင်စတဲ့ အမျိုးသမီးတွေဟာ သူတို့မှာ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ များနေတာကို မသိကြကြောင်း ကနေဒါသုတေသီများက ဖော်ပြလိုက်ပါတယ်။

အရောင်းပိုင်း၊ လက်လီ၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူတွေဟာ အန္တရာယ်ဖြစ်နိုင်ချေရှိပြီး ဂတ်စ်၊ ဓာတ်ဆီ၊ အမိုးနီးယား၊ အရောင်ချွတ်ဆေးများ အပါအဝင် အရာဝတ္ထုအမျိုးမျိုးနဲ့ ထိတွေ့နေရတာတွေက အဓိကကျနေပါတယ်။

ယခုမတိုင်ခင်အထိ သားဥအိမ်ကင်ဆာဖြစ်နိုင်တဲ့ အကြောင်းအရင်းအနည်းငယ်ကိုသာ တွေ့ရှိခဲ့ကြပါတယ်။

လုပ်ငန်းခွင်နေရာကြောင့် ဘေးအန္တရာယ်ဖြစ်စေနိုင်သလို အမျိုးသမီးများအနေဖြင့် လုပ်ငန်းခွင်ကြောင့် အန္တရာယ်ရင်ဆိုင်နိုင်ရတာကိုတော့ လေ့လာမှုသိပ်မလုပ်ခဲ့ကြပါဘူး။

သားဥအိမ်ကင်ဆာဖြစ်ပွားထားတဲ့ အသက် ၁၈ နှစ်မှ ၇၉ နှစ်ကြားအမျိုးသမီးတွေကို ၂၀၁၀ မှ ၂၀၁၆ အတွင်းခေါ်ယူကာ PROVAQ လေ့လာမှုမှာ စမ်းသပ်ခဲ့ကြပါတယ်။

သားဥအိမ်ကင်ဆာ ဖြစ်သူတွေဟာ ပညာရေးနောက်ခံနည်းပါးသူများသလို ကိုယ်ဝန်တားဆေး အသုံးပြုခြင်းသိပ်မတွေ့ရသလို ကလေးရယူခြင်းမရှိကြတာကို တွေ့ခဲ့ကြတာကြောင့် ဒါတွေဟာ ရောဂါဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေ ဖြစ်နေပါတယ်။

ဒီနောက် ဓာတုပစ္စည်း ၂၉ မျိုးထိတွေ့ခြင်းနဲ့ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ချေတို့ကြား ဆက်စပ်မှုကိုလည်း လေ့လာခဲ့ကြပါတယ်။

တွက်ချက်မှုများအရ အလုပ်အကိုင် အများအပြားဟာ ထိုရောဂါဖြစ်နိုင်ချေများစေကြောင်း တွေ့ရှိရပါတယ်။

ဥပမာအားဖြင့် အလှပြင်ဆရာမ၊ ဆံသဆရာမစတဲ့ အလုပ်အကိုင်တွေမှာ ၁၀ နှစ်နဲ့အထက် ပြုလုပ်နေကြသူတွေမှာ ရောဂါဖြစ်နိုင်ချေ ၃ ဆပိုများပါတယ်။

အဝတ်အထည်လုပ်ငန်းတွေမှာ ရေရှည်လုပ်ကိုင်သူတွေက ရောဂါဖြစ်နိုင်ချေ ၈၅ ရာခိုင်နှုန်းများပြီး အရောင်းလက်လီအပိုင်းမှာ အလုပ်လုပ်သူတွေက ၄၅ နဲ့ ၅၉ ရာခိုင်နှုန်းအသီးသီး ရှိနေပါတယ်။

ရောဂါဖြစ်နိုင်ချေများရခြင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကတော့ ဓာတုပစ္စည်းများထိတွေ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။

အလှပြင်ဆိုင်တွေမှာ အလုပ်လုပ်သူတွေက အမိုးနီးယား၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်၊ အော်ဂဲနစ်ဆိုးဆေး၊ ရောင်ခြယ်ပစ္စည်းများ၊ အရောင်ချွတ်ဆေးများအပါအဝင် ၁၃ မျိုးနဲ့ ထိတွေ့နေကြရပါတယ်။

စက္ကူ၊ ပုံနှိပ်၊ အထည်ထုတ်လုပ်ရေးတို့မှာ လုပ်ကိုင်သူတွေကတော့ သားဥအိမ်ကင်ဆာဖြစ်နိုင်ချေ ပိုနည်းပါးနေပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times