#World_Health
Published 23 June 2023


နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအပေါ် အရက်ရဲ့ဆိုးကျိုးသက်ရောက်မှုတွေအကြောင်း လေ့လာချက်အများအပြား တွေ့ရှိထားပါတယ်။

 

ဒါ့အပြင် အလွန်အကျွံသောက်သုံးခြင်းဖြင့် ကြွက်သားများ အလျင်အမြန်ကျုံ့သွားနိုင်တယ်လို့လည်း အိစ်အန်ဂလီယာတက္ကသိုလ်က လေ့လာတွေ့ရှိထားပါတယ်။

 

အရက်အများအပြားသောက်သုံးခြင်းကလည်း အရိုးငြမ်းကြွက်သားကို ထိခိုက်စေပြီး အရွယ်မတိုင်ခင်ရင့်ရော်ခြင်း ပိုဖြစ်စေနိုင်ပါတယ်။

 

ယူကေရှိ လူသန်းတဝက်ထံမှ ကျန်းမာရေးနဲ့ နေထိုင်မှုပုံစံအချက်အလက်များကို စုဆောင်းကာ အသက် ၃၇ နှစ်မှ ၇၃ နှစ်ကြား လူပေါင်း ၂ သိန်းနီးပါးကို လေ့လာခဲ့ပါတယ်။

 

သူတို့ရဲ့ခန္ဓာကိုယ်အချိုးအစား၊ အခြားအကြောင်းအရာများနဲ့ ယှဉ်ကြည့်တဲ့အခါ အနည်းအကျဉ်းသာသောက်တတ်သူတွေထက်စာရင် အရက်အလွန်အကျွံသောက်သူတွေက ကြွက်သားပမာဏနည်းပါးသွားတာ တွေ့ရှိရတယ်လို့ နိုဝစ်ချ်ဆေးတက္ကသိုလ်မှ ဒေါက်တာ'ဂျိန်းစကင်နာ'က ပြောကြားခဲ့ပါတယ်။

 

တစ်နေ့ကို ၁၀ ခွက်နဲ့အထက် သောက်သုံးသူတွေမှာ ဒီလိုပြဿနာမျိုး ဖြစ်လာကြောင်း တွေ့ခဲ့ကြပါတယ်။

 

အရက်သောက်သုံးခြင်းနဲ့ ကြွက်သားထုထည်တို့နဲ့ပတ်သက်ပြီး လူတွေမှာတစ်ချိန်တည်းမှာပဲ တိုင်းတာစမ်းသပ်ရာမှာ တိုက်ရိုက်ဆက်စပ်နေတာမျိုးတော့ သေချာမသိရဘူးလို့ ဒေါက်တာကဆိုပါတယ်။

 

အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးလာခြင်းကြောင့် အားနည်းယိုင်ယဲ့လာခြင်းက အသက်အရွယ်အလတ်ပိုင်းနဲ့ အကြီးပိုင်းတွေမှာ အရက်အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ရှားဖို့ နောက်ထပ်အကြောင်းအရင်း ဖြစ်လာပါတယ်။

 

#Source: India Today #World_Health #အရက်အလွန်အကျွံသောက်ခြင်းသည်ကြွက်သားများကိုလျင်မြန်စွာကျုံ့သွားစေ #Yangon_Times