Published 11 June 2023

အာရေဗျပင်လယ်အပေါ်ဖြစ်ပေါ်နေသည့် အလွန်အင်အားပြင်းသည့် ဆိုင်ကလုံးဘီပါဂျွိုင်းသည် အလွန့်အလွန်အင်အား ကောင်းလာကာ ပါကစ္စတန်နိုင်ငံကရာချိ အနီးဖြတ်သန်းဝင်ရောက်မည်ဟုခန့်မှန်းထား၍ ပါကစ္စတန်အစိုးရက အရေးပေါ် ပြင်ဆင်မှုများလုပ်ဆောင်ရန်အမိန့်ထုတ်ထားရပါတယ်။

အာရေဗျပင်လယ်အပေါ်ရှိ အလွန်အင်အားပြင်းသည့် ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ အခုဆို အလွန့်အလွန် အင်အား ကောင်းသော ဆိုင်ကလုံးအဖြစ်သို့ ရောက်ရှိလာပြီး ပါကစ္ဏတန်နိုင်ငံ ကရာချိအနီးကနေ ကုန်းတွင်းဝင်ရောက်လိမ့်မယ်လို့ အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။

“ ဆိုင်ကလုံးဘီပါဂျွိုင်းဟာ ဆာရပ်စ်ထရာ-ခတ်ချ် နှင့် ကပ်လျက် ပါကစ္စတန်ကမ်းခြတို့ကို ဇွန် ၁၅ ရက် မွန်းတည့်ချိန်ခန့်မှာ အလွန့်အလွန်အင်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ကျော်ဖြတ်နိုင်ဖွယ်ရှိပါတယ်” လို့ အိန္ဒိယ မိုးလေဝသဌာနက ပြောပါတယ်။

“ အလွန်အင်အားကောင်းတဲ့ ဘီပါဂျွိုင်းဟာ တနင်္ဂနွေနေ့ မနက်မှာ အလွန့်အလွန် အင်အားကောင်းတဲ့ ဆိုင်ကလုံး အဖြစ် ပို့တ်ဘန်ဒါရဲ့ အနောက်တောင်ဘက် ၄၈၀ကီလိုမီတာအကွာမှာ ရောက်ရှိခဲ့ပါတယ်။ ယင်းဆိုင်ကလုံးမုန်တိုင်းဟာ ဆာရပ်စ်ထရာ၊ ခတ်ချ်နှင့် ကပ်လျက်ပါကစ္စတန်ကမ်းခြေတွေနှင့် မန်ဗီ။ဂူဂျာရတ်နှင့် ကရာချိနှင့်ပါကစ္စတန်က ကရာချိတို့ကို ဇွန်၁၅ရက်မွန်းတည့်ချိန်မှာ ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားကြောင်း အိန္ဒိယမိုးဇလဌာနက သတင်း ထုတ်ပြန်ပါတယ်။

အဲဒါကြောင့် ပါကစ္စတန် ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်က ဘီပါဂျွိုင်း ဆိုင်ကလုံး မုန်တိုင်းနှင့်ရင်ဆိုင်နိုင်အောင် အရေးပေါ်  ပြင်ဆင်ဆောင်ရွက် စရာအားလုံးလုပ်ဆောင်ကြဖို့ ညွှန်ကြားလိုက်ပါတယ်။အဆိုပါဆိုင်ကလုံးကြောင့် ကရာချိနှင့် ဆင်း ပြည်နယ်တွေရဲ့ အနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းမိုးကြီးမှုတွေဖြစ်လာနိုင်ပါတယ်။ ပါကစ္စတန်မိုးလေဝသဌာန ကလည်း အာဏာပိုင်တွေကို ဆိုင်ကလုံး ဘီပါဂျွိုင်းအတွက် ပြင်ဆင်ထားကြဖို့ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ဆိုင်ကလုံး ဘီပါဂျွိုင်းဟာ မွမ်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၀၀ကီလိုမီတာအကွာ ကရာချိ တောင်ဘက် ၈၄၀ကီလိုမီတာအကွာ အာရေဗျပင်လယ် အရှေ့ အလယ်ပိုင်းမှာ တည်ရှိနေပါတယ်။

Source_WION

#Cyclone_Biparjoy

#ဆိုင်ကလုံးဗီပါဂျွိုင်း

#ပါကစ္စတန်