#World_Health
Published 22 April 2023


အိန္ဒိယမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း အပူချိန်အလွန်မြင့်မားလျက်ရှိပြီး အနောက်ဘင်္ဂလားမှာ ကျောင်းများပိတ်ထားရကာ အရှေ့အိန္ဒိယမှာ အပူလှိုင်းက အနည်းဆုံးနောက် ၄ ရက်အထိ ဆက်ရှိနေဦးမယ်လို့ အိန္ဒိယမိုးလေဝသဌာနက ပြောကြားလိုက်ပါတယ်။

 

ဧပြီ ၁၆ ရက်နေ့က မဟာရက်ရှ်ထရာမှာ ဆုပေးပွဲတက်ရောက်ကြရာ အပူလျှပ်ပြီး လူ ၁၃ ဦးကျော်သေဆုံးခဲ့ပါတယ်။

 

နိုင်ငံဒေသအသီးသီးမှာ အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ထားပြီး ရေဓာတ်ပြည့်ဝအောင်နေဖို့ အကြံပေးနေကြပါတယ်။

 

အပူချိန် ၄၀ ဒီဂရီကျော်သွားပြီဆိုရင် ခန္ဓာကိုယ်က အတော်ဆိုးရွားလာပြီး ဂရုစိုက်ဖို့လိုလာပါပြီ။


ကိုယ်အပူချိန်အလွန်အတက်မြန်ပြီး ချွေးထွက်ခြင်းမရှိတော့ကာ ခန္ဓာကိုယ်က သူ့ဘာသာအပူချိန်မချနိုင်တော့ပါဘူး။

 

ကိုယ်အပူချိန်က ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း အလွန်မြင့်တက်လာကာ အရေးပေါ်ကုသမှုမခံယူရင် အသက်သေဆုံးခြင်း ဒါမှမဟုတ် တသက်တာဒုက္ခိတဖြစ်သွားနိုင်ပါတယ်။

 

အပူလျှပ်ခြင်းလက္ခဏာတွေကတော့..

 

- စိတ်အခြေအနေပြောင်းလဲကာ စကားမပီမသဖြစ်ခြင်း

 

- သတိမလည်ခြင်း

 

- အရေပြားပူပြင်းခြောက်သွေ့ကာ ချွေးထွက်လွန်ခြင်း

 

- တက်ခြင်း

 

- ကုသမှုနောက်ကျရင် သေဆုံးခြင်း

 

အပူလျှပ်ခြင်းမဖြစ်စေရန်အတွက် ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေပါ။

 

အုန်းရည်၊ သံပရာရည်၊ သစ်သီးဖျော်ရည်၊ ထောပတ်နို့ သောက်သုံးဖို့အကြံပြုထားပါတယ်။

 

၂ နာရီ ၃ နာရီခြားတစ်ခါ နေရောင်ကာခရင်မ်လိမ်းပေးခြင်းဖြင့် နေမလောင်အောင်ကာကွယ်နိုင်ပါတယ်။

 

ပေါ့ပါးချောင်ချိတဲ့ ချည်ထည်ဝတ်ဆင်ပြီး နေရောင်တိုက်ရိုက်မထိစေရန် ဦးခေါင်းကိုကာကွယ်ထားပါ။

 

နေပူထဲထွက်တဲ့အခါ နေရောင်တိုက်ရိုက်မထိစေရန် ထီးဆောင်းပါ။

 

နေ့ဘက်တွေမှာ အထူးသဖြင့်နေဝင်တဲ့ပြတင်းပေါက်တွေမှာ လိုက်ကာတွေကိုပိတ်ထားသင့်ပြီး ညဘက်လေအေးဝင်တဲ့အချိန်မှာ ဖွင့်ထားပေးပါ။

 

ပရိုတိန်းအစားအစာတွေက ရာသီဥတုပူတဲ့အချိန်မှာ အစာချေဖို့ကြာရှည်တာကြောင့် လျှော့စားဖို့ဒေါက်တာ'ကိုမယ်မာလစ်'က ပြောပြထားပါတယ်။

 

အစာချေခြင်းကြာရှည်တဲ့အခါ အပူတက်ပြီး ရေဓာတ်ခန်းခြောက်စေတဲ့အပြင် အစပ်တွေလည်း လျှော့စားသင့်ပါတယ်။

 

Source: India Today #World_Health #အပူလှိုင်း #အပူလျှပ်ခြင်း #အန္တရာယ်မဖြစ်စေရန်
#YMG #Yangon_Media_Group