Published 19 March 2023

အမေရိကန်ကိုတိုက်ခိုက်ရန်အတွက် မြောက်ကိုရီးယားစစ်တပ်တွင်  ဆန္ဒအလျောက် ဆန္ဒပြုသူများ သို့မဟုတ် စာရင်းပေးသွင်းကြတဲ့ ပြည်သူတွေ ရှစ်သိန်းခန့်ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာတွင် သတင်း ရေးသားပါတယ်။

မြောက်ကိုရီးယားနိုင်ငံတစ်လွှားက ကျောင်းသားတွေနှင့်အလုပ်သမား ရှစ်သိန်းခန့်ဟာ အမေရိကန်ကို တန်ပြန်ဖို့အတွက် မြောက်ကိုရီးယားစစ်တပ်တွင် စာရင်းပေးသွင်းရန် ဆန္ဒရှိကြတယ်လို့ ရော့ဒွန်ဆင်မွန်းသတင်းစာကလည်းသတင်း ရေးသားပါတယ်။

“လူငယ်တွေ စစ်တပ်ထဲဝင်လိုတဲ့ စိတ်ဓာတ်ပြင်းပြမှုတွေမြင့်တက်လာတာဟာ ကျွန်ုပ်တို့ရဲ့ တန်ဖိုးရှိလှတဲ့ ဆိုရှယ်လစ် နိုင်ငံကိုပျက်သုဉ်းစေဖို့ စစ်ရူးတွေရဲ့ နောက်ဆုံးကြိုးပမ်းမှုကို ဖျက်ထုတ်ပစ်မယ့် မျိုးဆက်သစ်လူငယ်တွေရဲ့ မယိမ်းယိုင်တဲ့ဆန္ဒတွေ၊ ကျရှုံးမှုမရှိတဲ့ အမျိုးသားပြန်လည်ပေါင်းစည်းရေးရရှိမှုနှင့်  သူတို့ရဲ့ အလွန်တက်ကြွတဲ့ မျိုးချစ်စိတ်ကိုရှင်းလင်းပြတ်သားစွာပြသနေတာဖြစ်တယ်” လို့ အဆိုပါသတင်းစာကရေးသားပါတယ်။

အမေရိကန်နှင့်တောင်ကိုရီးယားတို့ရဲ့ လက်ရှိပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုန့်ပြန်တဲ့အနေနှင့် မြောက်ကိုရီးယားက Hwasong-17 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီး မြောက်ကိုးရီးယားရဲ့ ယခုကြေညာ ချက်ထွက်ပေါ်လာခဲ့တာပါ။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်အကြားပင်လယ်ပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ ထိပ်သီးအစည်းအဝေးအတွက် တိုကျိုကို မသွားရောက်ခင် နာရီ အနည်းငယ်အကြာမှာ ပစ်လွှတ်ခဲ့တာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နှင့် မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကိုတားမြစ်ထားပြီး ဒီလိုပစ်လွှတ်တာတွေကို တောင်ကိုရီးယား၊အမေရိကန်နှင့် ဂျပန်အစိုးရတွေက ရှုတ်ချထားပါတယ်။

တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တွေဟာ ၁၁ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေကို Freedom Shield 23 အမည်နှင့် တနင်္လာနေ့ကစတင်ဆောင်ရွက်နေကြပါတယ်။ဒီလောက်ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုမျိုးကို ၂၀၁၇ခုနှစ်နောက်ပိုင်း ကတည်းကမတွေ့ခဲ့ကြရတာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်က အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့ဟာ စစ်ရေးလေ့ကျင့်မှုနှင့်  အတူ တင်းမာမှုတွေတိုးပွားလာအောင်လုပ်နေတယ်လို့ စွပ်စွဲထားပါတယ်။

Source Reuters

#မြောက်ကိုရီးယား

#အမေရိကန်နှင့်စစ်တိုက်ရန်ဆန္ဒပြုထားသူ#မြောက်ကိုရီးယားလူငယ်ရှစ်သိန်းခန့်ရှိ

#YangonMediaGroup