#World_Health
Published 14 February 2023

 

လက်သူကြွယ်က လက်ညှိုးထက်ပိုရှည်တဲ့ အမျိုးသားတွေဟာ ထိပ်ပြောင်နိုင်ချေပိုများကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ကြပါတယ်။

 

ညာဘက်လက်ပိုရှည်တဲ့ အမျိုးသားတွေကတော့ ထိပ်ပြောင်နိုင်ချေ ၆ ဆတိုးလာခြင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။

 

ဒါဟာ ကျားဟော်မုန်းတက်စ်တိုစတီရုန်းများတဲ့ လက္ခဏာဖြစ်ပြီး မွေးညင်းပေါက်များကျုံ့ကာ မမွေးခင်ကတည်းက စတင်သက်ရောက်တာဖြစ်နိုင်ကြောင်း ထင်မြင်နေကြပါတယ်။

 

မျိုးရိုးလိုက်ထိပ်ပြောင်ခြင်းဝေဒနာခံစားနေရတဲ့ အသက် ၃၇ နှစ်နဲ့အထက် အမျိုးသားအယောက် ၂၄၀ ရဲ့လက်တွေကို လေ့လာခဲ့ကြပါတယ်။

 

တွေ့ရှိချက်အရ ညာဘက်လက်ညှိုးက လက်သူကြွယ်ထက် ပိုတိုနေရင် ထိပ်ပြောင်ခြင်းအခြေအနေ ဖြစ်နိုင်ချေပိုများကြောင်း တွေ့ရှိခဲ့တယ်လို့ ထိုင်ဝမ်ကောင်ရှောင်ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဦးဆောင်သုတေသီ ဒေါက်တာ'ချင်ယင်ဝူ'က ပြောပြသွားပါတယ်။

 

အင်္ဂလိပ်လူဖြူအမျိုးသားတွေဟာ အသက် ၄၀ အရွယ်တွေမှာ ဆံပင်ကျွတ်နိုင်ချေ ၅၀ ရာခိုင်နှုန်းရှိပြီး အသက် ၈၀ အရွယ်တွေမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။

 

လက်သူကြွယ်ပိုရှည်နေရခြင်းက ဝမ်းဗိုက်ထဲမှာကတည်းက တက်စ်တိုစတီရုန်းမြင့်မားနေခဲ့တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

 

သန္ဓေမမွေးဖွားမီ ကျား/မဟော်မုန်းပမာဏတွေဟာ နှလုံးကျန်းမာရေး၊ သုတ်ပိုးအရေအတွက်၊ အော်တစ်ဇင်ဖြစ်နိုင်ချေတို့အပေါ် သက်ရောက်နေတဲ့အပြင် မွေးညင်းပေါက်ဖွံ့ဖြိုးမှုကိုပါ သက်ရောက်နေပါတယ်။

 

Source: The Sun
#Yangon_Media_Group