#World_Health
Published 9 November 2022

 

စတင်အိပ်ပျော်တဲ့အခါ အောက်ကိုပြုတ်ကျနေသလို ခံစားချက်မျိုး၊ ခန္ဓာကိုယ်ပင့်ခုန်သလို ခံစားချက်မျိုး ကြုံဖူးကြမှာပါ။

 

ဒါဟာ လူ ၇၀ ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပြီး ကျန်းမာသန်စွမ်းတဲ့လူတွေမှာပါ ဖြစ်တတ်ပါတယ်။

 

ဒီဖြစ်စဉ်ဟာ ကြွက်သားကျုံ့ခြင်းလို့ခေါ်ပြီး ကြွက်သားတွေ မသိစိတ်က လှုပ်ရှားသွားတာကြောင့် ဖြစ်ပါတယ်။

 

ဥပမာ ကျို့ထိုးခြင်းဟာဆိုရင် ကြွက်သားကျုံ့ခြင်း ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

 

ကြွက်သားကျုံ့ခြင်းနဲ့ ကြွက်သားပြေလျော့ခြင်းဆိုပြီး ဖြစ်စဉ် ၂ မျိုးရှိပါတယ်။

 

သီအိုရီတစ်ခုအရ စစချင်းအိပ်စဉ်က နှစ်နှစ်ခြိုက်ခြိုက်မဟုတ်သေးတာကြောင့် ဦးနှောက်ကနေ မှားယွင်းပြီးတော့ နိုးကြားနေတယ်ဆိုပြီး အသိပေးနေပါတယ်။

 

ဒါပေမဲ့ ကြွက်သားတွေ မလှုပ်ရှားတော့ဘူးဆိုတာလည်း သိရှိထားပါတယ်။

 

ပုံမှန်အလုပ်လုပ်နေတယ်ဆိုတာကို အာရုံကြောတွေကနေ ပေးပို့တာကို လှုပ်ရှားမှုအဖြစ် မှတ်ယူလိုက်ကာ ကြွက်သားကျုံ့သွားတာဖြစ်ပြီး ဆွဲချနေသလို ခံစားရတာဖြစ်ပါတယ်။

 

ဒီလိုဖြစ်စေတဲ့ အနှောင့်အယှက် အကြောင်းအရင်းတွေရှိနေပါတယ်။

 

(၁) စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများနေရင် နှစ်ခြိုက်စွာအိပ်ပျော်ဖို့ ခက်ခဲပြီး အိပ်စက်ချိန်ကို ကမောက်ကမဖြစ်စေပါတယ်။

 

(၂) ဆေးနှင့် အရက်သေစာ - ဒီအချက်တွေကြောင့် အိပ်မက်မက်တဲ့အဆင့်ကို မရောက်ရှိဘဲ အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

 

(၃) ကဖင်း - ကော်ဖီနဲ့ ကဖင်းဓာတ်ပါဝင်တာတွေ စားသောက်မိတဲ့အခါ အိပ်စက်ခြင်းကိုထိခိုက်စေပြီး ကြွက်သားကျုံ့ခြင်းကို ဖြစ်ပေါ်စေပါတယ်။

 

(၄) အိပ်ရေးပျက်ခြင်း - အိပ်စက်ချိန်ပုံမှန်မဟုတ်တော့တာကြောင့် ကြွက်သားကျုံ့ခြင်း ပိုမိုဖြစ်ပေါ်စေပါတယ်။

 

ကြွက်သားကျုံ့ခြင်းက ကျန်းမာရေးပြဿနာဖြစ်ခဲပေမယ့် ရှားပါးအခြေအနေမှာတော့ တက်ခြင်း၊ ဆေးတစ်ခုခုကြောင့် ဆိုးကျိုးဖြစ်ပေါ်ခြင်းများ ဖြစ်တတ်ပါတယ်။

 

အဆိုပါဖြစ်ရပ်မျိုး မကြာမကြာဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group