#World_Health
Published 4 November 2022

 

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း နေ့စဉ်ကော်ဖီခွက်တဝက်ခန့် သောက်သုံးခြင်းဖြင့်ပင် မွေးလာတဲ့ကလေးမှာ အရပ်တစ်လက်မခန့်နီးပါးနိမ့်သွားနိုင်ကြောင်း အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းဂျာနယ်(JAMA)မှ ဖော်ပြထားပါတယ်။

 

ဆရာဝန် ၁၀ ဦးခန့်နဲ့ သုတေသီများက အမေရိကန်တဝှမ်းမှ အသက် ၄ နှစ်နဲ့ ၈ နှစ်ကြား ကလေး ၂,၅၀၀ နီးပါးကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

 

အရင်လေ့လာမှုတွေနဲ့မတူဘဲ သွေးထဲက ကဖင်းဓာတ်ပမာဏကို လေ့လာခဲ့တာဖြစ်ပါတယ်။

 

အဆိုပါလေ့လာချက်အရ ကိုယ်ဝန်ဆောင်စဉ်ကော်ဖီသောက်သုံးလေ့ရှိတဲ့ အမျိုးသမီးတွေက မွေးဖွားလာတဲ့ကလေးတွေဟာ ဆေးလိပ်သောက်တဲ့ကိုယ်ဝန်ဆောင်တွေက မွေးလာတဲ့ကလေးတွေလို အရပ်အမြင့်တူညီနေကြောင်း တွေ့ရှိရပါတယ်။

 

အရပ်နိမ့်ခြင်းဟာ ကိုယ်ဝန်ဆောင်တွေရော ကျန်တဲ့သူတွေမှာပါ နှလုံးဇီဝဖြစ်စဉ်ရောဂါဖြစ်နိုင်ချေမြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။

အဲဒီကနေမှ ဆီးချိုနဲ့ အဝလွန်ခြင်းတို့လည်း ဆက်လက်ဖြစ်ပွားလာနိုင်ပြီး ကော်ဖီသောက်ခြင်းနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဝန်လျှော့ချနိုင်ဖို့ကြိုးပမ်းကြတာနဲ့ ဆက်စပ်နေပါတယ်။

 

ကိုယ်ဝန်ဆောင်ကော်ဖီသောက်တာက ကလေးတွေအရပ်နိမ့်စေရတဲ့အကြောင်းအရင်းကို သေချာမသိကြသေးဘဲ ကဖင်းဓာတ်က သန္ဓေသားမှာ လှုံ့ဆော်ပေးတာမဟုတ်ဘဲ တစ်ရှူးတွေထဲမှာ စုပြုံလာတာဖြစ်ပါတယ်။

 

သားအိမ်မှာကဖင်းဓာတ်ထိတွေ့ခြင်းက မွေးလာတဲ့ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုအပေါ် ရေရှည်သက်ရောက်မှုရှိလား/မရှိလား ဆိုတာကို လေ့လာဆုံးဖြတ်ဖို့ အရေးကြီးနေပါတယ်။

 

Source: New York Post
#Yangon_Media_Group