Published-21 Aug 2022

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း မြို့တစ်မြို့မှာ ဩဂုတ် ၂၀ရက်က  ထရပ်ကားကြီးတစ်စီးက လမ်းသွားလမ်းလာတွေကို တစ်ရှိန်ထိုး ဝင်တိုက်မိတဲ့အတွက် အနည်းဆုံးလူ ၁၆ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။

လော်ရီကားကြီးရဲ့ ဘရိတ်ပေါက်သွားပြီး ဒါစ်မြို့က လူအုပ်ကြားထဲ ဝင်တိုက်မိတာဖြစ်တယ်” လို့ ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက တွစ်တာမှာရေးထားပါတယ်။

ဒါဟာ တူရကီမှာ တစ်ရက်တည်း ဒုတိယမြောက် အကြီးအကျယ်ကားမတော်တဆမှုဖြစ်ပါတယ်။ ယခုအဖြစ်အပျက် မတိုင်ခင်မှာ ဂါဇီယန်တက်ပြည်နယ်မှာ ဘတ်စ်ကာတစ်စီးနှင့် အရေးပေါ်လူနာတင်ယာဉ်တို့ အပြင်းအထန်တိုက်မိပြီး လူ၁၆ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံမီဒီယာတွေက သတင်းပေးပို့ကြပါတယ်။

Source AFP

#Turkey_Truck_accident

#Truck_Hit_Crowd_16_killed

#Turkey_Derik

Published-21 Aug 2022 တူရကီနိုင်ငံ အရှေ့တောင်ပိုင်း မြို့တစ်မြို့မှာ ဩဂုတ် ၂၀ရက်က ထရပ်ကားကြီးတစ်စီးက လမ်းသွားလမ်းလာတွေကို တစ်ရှိန်ထိုး"/>