အာဖဂန်နစ္စတန်နိုင်ငံ အစွန်အဖျားဒေသ တောင်ထူထပ်တဲ့ ရွာတွေရှိတဲ့နေရာ တွင် ဗုဒ္ဓဟူးနေ့ စောစောပိုင်းက ပြင်းအား ၆.၁အဆင့်ရှိ ငလျင်ကြီးလှုပ်ရှားသွားရာ လူပေါင်း ၁၀၀၀ကျော် သေဆုံးခဲ့ရပါတယ်။ လူ ၁၅၀၀ကျော်ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသူ ဒီထက်ပိုများနိုင်ပါတယ်လို့ နိုင်ငံပိုင်မီဒီယာကပြောပါတယ်။

၂၀၀၂ခုနှစ်ငလျင်နောက်ပိုင်း  ယခုငလျင်ဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းပါကစ္စတန်နယ်စပ်အနီးက ခို့စ်မြို့က ၂၇မိုင်အကွာ  တောင်ထူထပ်တဲ့နေရာမှာလှုပ်ရှားသွားတာပါ။

အသေအပျောက်အများဆုံးက အရှေ့ပိုင်း ပက်တီကာပြည်နယ်ဖြစ်ပြီး အဲဒီနေရာမှာ လူပေါင်း ၂၅၅ ဦးသေဆုံးခဲ့ရပြီး

၂၀၀ကျော်ဒဏ်ရာရခဲ့တာပါ။

ငလျင်လှုပ်ရှားမှုဒဏ်ကို ပါကစ္စတန်၊အာဖဂန်နစ္စတန်နှင့်အိန္ဒိယနိုင်ငံတွေက လူပေါင်း ၁၁၉သန်းခန့် ခံစားခဲ့ကြရပါတယ်။ဒါပေမယ့် ပါကစ္စတန်ဘက်က ထိခိုက်သေဆုံးမှုသတင်းတွေ ပေးပို့ခြင်းမရှိသေးပါဘူး။

Source Reuters/AP