#WorldPolitics
Published 07 May 2022

ရုရှားကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ယူကရိန်းနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆက်လက်တည်မြဲမှုအပေါ် အလွန်စိုးရိမ်ပူပန်ပါကြောင်း ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီက သောကြာနေ့က ထုတ်ပြန်ကြေညာလိုက်ပြီး ကုလအဖွဲ့အစည်းရဲ့ပထမဆုံးဖော်ပြချက်အတိုင်း ငြိမ်းချမ်းရေးရရှိဖို့ ကုလအကြီးအကဲကြိုးပမ်းအားထုတ်နေမှုကို ထောက်ခံအားပေးကြောင်း ကြေညာသွားပါတယ်။

လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ကြေညာချက်ကို အားလုံးကတညီတညွတ်တည်း သဘောတူထောက်ခံခဲ့ကြပါတယ်။

 

သောကြာနေ့က သဘောတူအတည်ပြုခဲ့တဲ့ ထုတ်ပြန်ချက်ကို နော်ဝေးနဲ့မက္ကဆီကိုတို့က မူကြမ်းရေးဆွဲခဲ့တာဖြစ်ပါတယ်။

 

"လုံခြုံရေးကောင်စီက ယူကရိန်းရဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆက်လက်တည်မြဲမှုအပေါ် အလွန်စိုးရိမ်ပူပန်မိပါတယ်။ အဖွဲ့ဝင်နိုင်ငံအားလုံးက သဘောထားကွဲလွဲမှုတွေကို ကုလသမဂ္ဂပဍိညာဉ်သဘောတူညီချက်များအရ တာဝန်ယူထားကြပြီး ငြိမ်းချမ်းရေးလမ်းစဉ်ဖြင့် နိုင်ငံတကာအငြင်းပွားမှုတွေကိုဖြေရှင်းရမှာဖြစ်ပါတယ်"လို့ ဖတ်ပြသွားပါတယ်။

 

ငြိမ်းချမ်းပြေလည်ရေးရရှိဖို့ ကြိုးစားအားထုတ်နေတဲ့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကိုလည်း ထောက်ခံအားပေးပါကြောင်း ကြေညာခဲ့ပြီး ကုလထွေချုပ်'အန်တိုနီယိုဂူတာရက်စ်'ကို ကောင်စီအတွက်အကျဉ်းချုပ်ပြောကြားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

 

ကောင်စီရဲ့ထောက်ခံမှုကို 'ဂူတာရက်စ်'ကဝမ်းမြောက်စွာကြိုဆိုလိုက်ပြီး အရပ်သားများဒုက္ခရောက်နေမှုကိုလျှော့ချကာ အသက်ကယ်ဆယ်နိုင်ဖို့ မလျှော့ဘဲကြိုးစားသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှာဖွေသွားမှာဖြစ်ကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

'ဂူတာရက်စ်'က ပြီးခဲ့တဲ့အပတ်က ရုရှားသမ္မတ'ပူတင်'နဲ့ မော်စကိုမှာတွေ့ဆုံခဲ့ပြီး ယူကရိန်းသမ္မတ'ဇယ်လန်စကီ'နဲ့ ကိဗ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

 

'ဂူတာရက်စ်'သွားရောက်ခဲ့ခြင်းက ပြီးခဲ့တဲ့အပတ်အတွင်း ကုလသမဂ္ဂနဲ့နိုင်ငံတကာကြက်ခြေနီကော်မတီတို့ပူးပေါင်းကာ ရုရှားတပ်များ ဝိုင်းရံထားတဲ့ ယူကရိန်းနိုင်ငံမာရီယူပိုလ်ဆိပ်ကမ်းမြို့ရှိ အာဇော့ဗ်စတယ်သံမဏိစက်ရုံမှ အရပ်သား ၅၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ရုရှားတို့က အထူးစစ်ဆင်ရေးကြေညာကာ ကျူးကျော်စစ်ဆင်နွှပြီးနောက်ပိုင်း နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေခဲ့ပေမယ့် လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ကြေညာချက်ကို သဘောတူညီခဲ့ကြပြီး 'ဂူတာရက်စ်'က ရုရှားကိုအဓိပ္ပာယ်မဲ့ စစ်ပွဲဖန်တီးခဲ့တယ်လို့ အပြစ်တင်လိုက်ပါတယ်။

 

ရုရှားစစ်ကျူးကျော်ခြင်းကို ရှုတ်ချပြစ်တင်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရုရှားကဗီတိုအာဏာဖြင့်ပယ်ချလိုက်ပါတယ်။

 

တရုတ်၊ ယူအေအီးနဲ့ အိန္ဒိယတို့ကတော့ ကြားနေမဲပေးခဲ့ပါတယ်။ ကောင်စီရဲ့ဆုံးဖြတ်ချက်အတည်ပြုဖို့ မဲ ၉ မဲလိုအပ်တာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ အင်္ဂလန်တို့က ဗီတိုအာဏာသုံးလို့မရပါဘူး။

 

ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ရုရှားအပေါ် နိုင်ငံတကာမှခွဲခြားဆက်ဆံဖို့ ဆုံးဖြတ်ချက်နှစ်ခုကို ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလအထွေထွေညီလာခံမှာ တခဲနက်အတည်ပြုခဲ့ကြပါတယ်။

ဒီလိုဆုံးဖြတ်ချက်တွေက တာဝန်ယူမှုအပိုင်းမှာလေးလေးနက်နက်မရှိပေမယ့် နိုင်ငံရေးအရ ဖိအားပေးနိုင်ခဲ့ပါတယ်။

 

ကုလအထွေထွေညီလာခံက ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားကို ရှုတ်ချလိုက်ကာ ရုရှားတပ်ဖွဲ့များ တိုက်ခိုက်နေမှုအားရပ်တန့်ရန်၊ အရပ်သားများ ဘေးကင်းရေးနဲ့ အကူအညီရရှိရေး တပ်ဆုတ်ပေးရန် တောင်းဆိုလိုက်ပြီး လူသားချင်းစာနာထောက်ထားမှုကို အရေးမစိုက်တဲ့ရုရှားကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

 

Source: Reuters
#Yangon_Media_Group