Published 2 March 2022

ယူကရိန်းနိုင်ငံတော်အရေးပေါ်ဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ မီးသတ်သမားတွေဟာ ရုရှားတို့ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ခါကစ်ဒေသရဲဌာန အဆောက်အအုံကို မီးငြိမ်းသတ်နေတာတွေကြရပါတယ်။

မီးသတ်သမားတွေဟာ ရုရှားတို့ရဲ့ ဒုံးကျည်နှင့်အပစ်ခံရလို့ မီးလောင်နေတဲ့ ခါကစ်ဒေသရဲဌာနအဆောက်အအုံကို မတ်လ(၂)ရက်နေ့က ဝိုင်းဝန်းမီးငြှိမ်းသတ်နေကြပါတယ်။

အဲဒီတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူတွေရှိမရှိနှင့် ဘယ်လောက်ရှိသလဲဆိုတာ မသိကြရသေးပါဘူး

ပြီးခဲ့တဲ့ (၂၄)နာရီအတွင်းတော့ ခါကစ်မှာ လက်နက်ကြီးတွေနှင့်အပစ်ခံရတဲ့အတွက် လူအနည်းဆုံး၁၂ဦး သေဆုံးပြီး ၁၁၂ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး အိုလက်ဆိုင်နီဂူဗော့က မတ်(၂)ရက်နေ့ကပြောကြားထားပါတယ်။

Source: Ukraine State Emergency Service/Agencies

Published 2 March 2022 ယူကရိန်းနိုင်ငံတော်အရေးပေါ်ဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုမှာ မီးသတ်သမားတွေဟာ ရုရှားတို့ရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့"/>