Published 13 January 2022

နိုက်ဂျေးရီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ပြိုကျခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ရပြီး ကျန်တဲ့ ၁၈ဦးကိုတော့ ကယ်ထုတ်နိုင်ခဲ့ပါတယ်လို့ ဇန်နဝါရီ ၁၂ရက် ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ ကပြောပါတယ်။

အာဖရိကရဲ့ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ နိုက်ဂျေးရီးယားမှာ အဆောက်အဦပြိုကျတယ်ဆိုတာ မထူးဆန်းတဲ့ကိစ္စဖြစ်ပါတယ်။ သန်းပေါင်းများစွာသောလူတွေဟာ ပျက်စီးယိုယွင်းနေတဲ့ အဆောက်အအုံတွေမှာ နေထိုင်နေကြပြီး  ဆောက်လုပ်ရေးစံနှုန်းတွေကိုလည်း လိုက်နာကြဖို့ မကြာခဏပျက်ကွက်နေခဲ့ကြတာပါ။

Source AFP