Published 15 Nov 2021

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကိုဗစ်-၁၉ ဗိုင်းရပ်စ်တိုက်ဖျက်ကုသဆေးတွေ အသုံးပြုတာနှင့်ပတ်သက်တဲ့ လမ်းညွှန်ချက်  တွေရရှိဖို့ အစည်းအဝေးတစ်ခု မကြာခင်ကျင်းပမယ်လို့ အရာရှိတွေက နိုဝင်ဘာ ၁၂ရက်ကပြောကြားခဲ့ပါတယ်။ အဲဒီဆေးတွေ ဟာ ဆေးခန်းမှာစောင့်ရှောက်ကုသနိုင်မယ့် အလွန်ဆွဲဆောင်မှုရှိတဲ့ အလားအလာသစ်တွေကို ဆောင်ကြဉ်းပေးလို့ဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။

ဒီလစောစောပိုင်းက ဗြိတိန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံးနိုင်ငံအဖြစ် အဲဒီကုသဆေးတွေထဲက ဆေးတစ်မျိုးကို အတည်ပြုပေးခဲ့ပါတယ်။ လမ်းညွှန်ချက်များချမှတ်ရေးအုပ်စုတစ်စုရဲ့ အခုပြုလုပ်မယ့် အစည်းအဝေးဟာ  လာမယ့် သုံးပတ် အတွင်းကျင်းပမှာဖြစ်ပြီး ကိုဗစ်ကုသဆေးတွေနှင့်ပတ်သက်တာတွေကို စဉ်းစားဆုံးဖြတ်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ ထိပ်တန်းအရာရှိတစ်ဦးဖြစ်တဲ့ ဂျက်နက်ဒိုင်ယက်စ်က ပြောပါတယ်။

အဲဒီဆေးတွေနှင့်ပတ်သက်လို့ ကနဦးတွေ့ရှိချက်တွေဟာ အင်မတန်ကိုကြိုဆိုစရာကောင်းတယ်လို့ နောက်အရာရှိတစ်ဦး ဖြစ်တဲ့ မိုက်ခ်ရိုင် ကပြောပါတယ်။ ကုထုးကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မသွားခင်မှာ ဂရုစိုက်ရသောလုပ်ငန်းစဉ် တစ်ခု လိုအပ် မှာတော့မဟုတ်ဘူးလို့ သူကဖြည့်စွက်ပြောပါတယ်။

“ကူးစက်ခံနေရဲ့သူတွေကို ကုသနိုင်တဲ့ ဒုတိယလိုင်းချည်းကပ်မှုတစ်ခုရှိနေတာဟာ သိပ်ပြီး ဆွဲဆောင်နေတယ်။အဲဒီကနေ လူ့အသက်တွေကယ်တင်နိုင်တာဟာ အလွန်ဆွဲဆောင်နိုင်စွမ်းရှိတယ်” လို့ သူကပြောပါတယ်။

ဖိုင်ဇာက သူတို့ရဲ့ ကိုဗစ် ဗိုင်းရပ်စ်ကုသဆေးဟာ ရောဂါပြင်းထန်နိုင်တဲ့အန္တရာယ်ရှိနေကြတဲ့ လူကြိးတွေအတွက် ဆေးရုံ တက်ရနိုင်တဲ့အခြေအနေ ဒါမှမဟုတ် သေဆုံးနိုင်တဲ့အခြေအနေကို ၈၉ရာခိုင်နှုန်းအထိ ဖြတ်တောက်ပေးနိုင်တယ်လို့ ပြီးခဲ့တဲ့ အပတ်က ပြောခဲ့ပါတယ်။

အဲဒီအပြင် ဒီလကုန်ခန့်မှာ ကပ်ဘေးကြိတင်ပြင်ဆင်မှုမြှင့်တင်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်တစ်ခုကိစ္စကိုလည်း ဆွေးနွေးကြဦးမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဥပဒေရေးရာအရာရှိမှူး စတီဗင်ဆော်လမွန်က ယခုသတင်းစာရှင်းလင်းပွဲမှာပဲ ပြောခဲ့ပါတယ်။

“ အောင်မြင်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်မယ်လို့ ယုံကြည်လို့ရတဲ့ အခြေအနေကောင်းတွေရှိနေပါတယ်” လို့ သူက  ပြောပါတယ်။

ဆွေးနွေးနေတဲ့အထဲမှာ ရုရှားရဲ့စပွတ်နစ်ဗွီ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်စာရင်းထဲထည့်သွင်းနိင်တဲ့ အလားအလာလည်းပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မာရီယန်ဆင်မောင်း က ပြောပါတယ်။ အဲဒီလုပ်ငန်းစဉ်က ထပ်ရွေ့နေပါတယ်။ ဒါဟာ တကယ့်သတင်းကောင်းကြီးတစ်ခုပါ လို့ သူမက ဖြည့်စွက်ပြောပါတယ်။

Source Reuters