Published 29 Sept 2021

အိန္ဒိယဆေးဝါး အာဏာပိုင်အဖွဲ့က အမေရိကန် ဆေးကုမ္ပဏီ နိုဗာဗက်စ်ရဲ့ နိုဗက်-အို (NVAX.O)ကိုဗစ်ကာကွယ်ဆေး စမ်းသပ်ဖို့ အသက်၇နှစ်မှ ၁၁နှစ်အထိ ကလေးငယ်တွေ စာရင်းသွင်းခွင့် ကာကွယ်ဆေးထုတ်လုပ်တဲ့ ဆီရမ်အင်စတီကျူကို ခွင့်ပြလိုက်ပါတယ်။ ကလေးငယ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကနေ အကာအကွယ်ပေးနိုင်အောင် အိန္ဒိယက ပြင်ဆင်နေတဲ့ အလျောက် ယခုခွင့်ပြုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
 
အိန္ဒိယနိုင်ငံမှာ လူဦးရေ၁.၄ ဘီလျံရှိတဲ့အထဲက လူပေါင်း ၈၇၀သန်းကျော်ဟာ ဆေးထိုးပြီးကြပါပြီ။
 
“ အသေးစိတ်ဆွေးနွေးပြီးကြတဲ့နောက် ကော်မတီအနေနှင့် အသက်၇နှစ်ကနေ ၁၁နှစ်အကြား အသက်အုပ်စုကို စာရင်းသွင်းခွင့် ပြုလိုက်တာဖြစ်ပါတယ်” လို့ အမျိုးသား ဆေးဝါးစံချိန်စံညွှန်းထိန်းချုပ်ရေးအဖွဲ့ရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
 
ဆီယမ်အင်စတီကျူဟာ နိုဗာဗက်ရဲ့ ကာကွယ်ဆးကို ပြည်တွင်းမှာထုတ်တဲ့ ကိုဗော့ဗက်စ်ကို အသက်၁၂နှစ်နှင့် ၁၇နှစ်အကြား အသက်အုပ်စုနှင့် စမ်းသပ်ပြီးပါပြီ။ လူပေါင်း၁၀၀ဆီကရတဲ့ ကနဦးအချက်အလက်တွေကိုလည်း တင်သွင်းပေးပို့ပြီးခဲ့ပါပြီ။
 
နိုဗာဗက်စ်ကာကွယ်ဆေးကို အိန္ဒိယကျန်းမာရေးအာဏာပိုင်တွေက ခွင့်ပြုချက်မပေးသေးပါဘူး။ ကိုဗော့ဗက် လာမယ့်နှစ် ဇန်နဝါရီနှင့်ဖောဖော်ဝါရီလလောက်မှာ အသက်၁၈နှစ်နှင့်အောက်အတွက် ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်တယ်လို့ ဆီယမ် အင်စတီကျုရဲ့ အကြီးအကဲ အက်ဒါပွန်နာဝါလာကပြောပါတယ်။
 
ယခုထက်ထိတော့ ဆိုင်ဒတ်စ်ကာဒီလားရဲ့ CADI.NS ဒီအင်န်အေ ကိုဗစ်ကာကွယ်ဆေးကို အသက်၁၂နှစ်အထက် အတွက် အရေးပေါ်ထိုးနှံခွင့်ကို အိန္ဒိယမှာ ခွင့်ပြုထားပါတယ်။

Source Reuters