#WorldNews

Published 23 Sept 2021

ဂျွန်ဆင်နှင့် ဂျွန်ဆင်က သူတို့ရဲ့ကာကွယ်ဆေးဟာ ဒုတိယမြောက်ဆေးထိုးအပြီး နှစ်ပတ်အကြာမှာ အာနိသင်က ၉၄ ရာခိုင်နှုန်းအထိ တိုးလာပြီး အလယ်အလတ် ပြင်းထန်တဲ့ ရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ပြောပါတယ်။ အဲဒါကို အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်ထိုးတာတုန်းက အာနိသင် ၇၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

ကုမ္ပဏီက သူ့ရဲ့ တစ်ကြိမ်သာထိုးရတဲ့ ကာကွယ်ဆေးရဲ့ ကြာရှည်ခံနိုင်စွမ်းအပေါ် အလေးထားပြောဆိုနေပေမယ့် အမေရိကန်အာဏာပိုင်တွေထံ အားမြှင့်ဆေးထိုးဖို့ အကူအညီဖြစ်စေမှာပါ။

သမ္မတဂျိုဘိုင်ဒင်က ဒယ်လ်တာကြောင့် ဆေးရုံတက်နေရတာတွေမြင့်တက်လာတာကြောင့် အားမြှင့်ကာကွယ်ဆေးကို တွန်းတွန်းတိုက်တိုက်လုပ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုက အတည်ပြုထားတဲ့ ဆေးတစ်လုံးထိုး ဂျေအင်န်ဂျေ ကာကွယ်ဆေးကို နောက်ထပ်အပိုတစ်လုံးရဲ့ အာနိသင် သက်ရောက်မှုကို အထောက်အထားပြဖို့ ဖိအားပေးနေပါတယ်။

အခုဆို နောက်ထပ်အားမြှင့်ဆေးကြောင့် ကိုဗစ်-၁၉ကို ကာကွယ်မှုတိုးမြင့်လာတဲ့ အထောက်အထား ကုမ္ပဏီက ရရှိပြီဖြစ်ပါတယ် လို့ ဂျေအင်န်ဂျေရဲ့ သိပ္ပံအရာရှိချုပ် ဒေါက်တာပေါစတိုဖီလ်ရဲ့ သတင်းကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ပထမဆေးထိုးပြီးလို့ အားမြှင့်ဆေးထပ်ထိုးပြီး နှစ်လအကြာမှာ သူတို့ဆေးဟာ ခုခံအား လေးဆကနေ ခြောက်ဆတက်လာ တယ်လို့ ဂျေအင်န်ဂျေက ပြောပါတယ်။  တစ်လုံးဆေးထိုးအပီဲး ခြောက်လအကြာမှာ အားမြှင့်ဆေးထိုးရင် ခုခံအား ၁၂ ဆတက်လာတယ်လို့ ပြီးခဲ့တဲ့လက ထုတ်ဝေတဲ့ ဂျေအင်န်ဂျေရဲ့ အချက်အလက်များအရသိရပါတယ်။ ဆေးတစ်လုံးနှင့် တစ်လုံးအကြား အချိန်ခြားလေလေ ကာကွယ်နိုင်စွမ်းမြင့်လေလေဖြစ်ပါတယ်။

ဂျေအင်န်ဂျေက သူတို့ရဲ့အချက်အလက်တွေကို အက်ဒီအေဆီ တင်သွင်းပြီးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အခြားသော ကာကွယ်ဆေးအကြံပေးအုပ်စုတွေဆီ အဆုံးအဖြတ်ရယူနိုင်အောင် တင်သွင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

တတိယအဆင့်စမ်းသပ်မှုအဖြစ် အသက်၁၈နှစ့်အထက် လူပေါင်း သုံးသောင်းကို ပထမဆေးထိုးအပြီး ရက်ပေါင်း ၅၆ ရက်အကြာမှာ အာနိသင်ကို သိချင်လို့ ဒုတိယဆေးထိုးပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်းလေးသောင်းခန့်နှင့် စမ်းသပ်ရာမ ဂျေအင်န်ဂျေကာကွယ်ဆေးဟာ ကိုဗစ်ကူးစက်မှုကနေ ၇၉ ရာခိုင်နှုန်း၊ ဆေးရုံတက်ရမှုမှ ၈၁ ရာခိုင်နှုန်းကာကွယ်နိုင်စွမ်းရှိတာတွေ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အသက်အရွယ်အပိုင်းအခြားအပေါ်မူတည်ပြီး ကာကွယ်နိုင်စွမ်းကလည်း ပြောင်းလဲပါတယ်။ အသက်၆၀ အောက်ဆိုရင် ၈၆ ရာခိုင်နှုန်းရှိပြီး ၆၀နှစ်နှင့်အထက်ဆိုရင် ၇၈ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။

 

Source: JPost