Published 17 Sept 2021

ဆိပ်ကမ်းတွေက ကိုယ်တွယ်ဆောင်ရွက်နိုင်တဲ့ ပမာဏကို တိုးချဲ့လိုက်တဲ့အတွက် အိန္ဒိယနိုင်ငံဟာ ၂၀၂၁ခုနှစ်မှာ ကမ္ဘာဆန်တင်ပို့မှုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းခန့်ဖြစ်တဲ့ တန်ချိန် ၂၂သန်းကို နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်ကာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြေက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။
ဒီနှစ်မှာ အိန္ဒိယဟာ ဆန်တန်ချိန် ၂၂သန်း တင်ပို့နိုင်မှာဖြစ်တဲ့အတွက် နောက်ထပ်ဆန်တင်ပို့မှုအများဆုံး ၃ နိုင်ငံဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့ စုစုပေါင်းတင်ပို့တာထက်ကို များမှာဖြစ်တယ်လို့ အိန္ဒိယဆန်စပါးလုပ်ငန်း အိုလမ်ရဲ့ ဒုတိယ ဥက္ကဋ္ဌ နီတင် ဂုပ္ပတကပြောပါတယ်။
“ ဝယ်နေကျဖောက်သည်တွေနှင့်အတူ ဒီနှစ်မှာတရုတ် ၊ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်တို့ကလည်း အိန္ဒိယကနေ ဝယ်ယူကြမှာဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
အိန္ဒိယရဲ့ ဆန်တင်ပို့မှုမှာ ၂၀၂၀မှာ ယင်းယခင်နှစ်ထက် ၄၉ရာခိုင်နှုန်းခုန်တက်လာပြီး တန်ချိန် ၁၄.၇သန်းအထိ ရှိလာခဲ့ပါတယ်။ ဘာစမာတီမဟုတ်တဲ့ ဆန်ရဲ့တင်ပို့မှုက တန်ချိန် ၇.၉သန်းအထိ ၇၇ရာခိုင်နှုန်းမြင့်တက်ခဲ့တာကြောင့်ပါ။
၂၀၂၁မှာ ဘက်စမာတီမဟုတ်တဲ့ ဆန်ဟာ မတိုင်ခင်နှစ်ထက် နှစ်ဆနီးပါးမျှ တန်ချိန် ၁၈သန်းအထိ တိုးတက်တင်ပို့နိုင်မှာ ဖြစ်ပြီး ဘာစမာတီဆန်ကတော့ ပုံမှန်အတိုင်း တန်ချိန်လေးသန်းလောက်နှင့်ဆက်သွားနေဦးမယ်လို့ ဂုပ္ပတက ပြောပါတယ်။
အမေရိကန်စိုက်ပျိုးရေးဌာနက ၂၀၂၁-၂၂ ကမ္ဘာ့ဆန်တင်ပို့မှုဟာ ၄၉၅သန်းရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ဆန်လိုအားက စံချိန်တင်မြင့်တက်နေချိန်မှာ မနှစ်ကမတ်ချ်လကတည်းက အိန္ဒိယဆန်တွေဟာ ထိုင်းနှင့် ဗီယက်နမ်က ဆန်တွေထက် ဈေးသက်သာနေပါတယ်။
ဒါပေမယ့် ဆန်အဓိကတင်ပို့ဆိပ်ကမ်းဖြစ်တဲ့ ကကင်နန္ဒာဆိပ်ကမ်းမှာ အခြေခံအဆောက်အအုံက အကန့်အသတ်ဖြစ်နေခဲ့လို့ မနှစ်က ကုန်တင်ကုန်ချချိန်ကြာညောင်းပြီး နှောင့်နှေးမှုတွေ မနှစ်က ဖြစ်ခဲ့ရတဲ့အတွက် ဝယ်လက်တွေက အခြားကို ပြောင်းဝယ်တာတွေဖြစ်ခဲ့ရပါတယ်။
အခြားဆန်တင်ပို့သူတွေထက် အိန္ဒိယက ဆန်တစ်တန်ကို ဒေါ်လာ၁၀၀ကျော် လျှော့ဈေးပေးတာဖြစ်ပါတယ်။ ဒါပေမယ့် လျှော့ပေးလို့သက်သာတာတွေက နှောင့်နှေးလို့ဆောင်ရတဲ့ အခကြေးငွေမြင့်မားမှုတွေနှင့် မကာမိဘူးလို့ ဆန်တင်ပို့တဲ့ ဘရာမန်နန္ဒာဂုဒီမက်လာက ပြောပါတယ်။
အဲဒီပြွတ်ကြပ်မှုတွေကို လျော့နည်းသက်သာစေဖို့ တောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ်က ကပ်လျက် ကက်ကင်နန္ဒာ ရေနက်ဆိပ်ကမ်းကို ဆန်တင်ပို့ဖို့ ဖေဖော်ဝါရီလတုန်းက စတင်ခွင့်ပြုခဲ့ပါတယ်။
အိန္ဒိယက ဘာစမာတီမဟုတ်တဲ့ ဆန်တွေကို အာဖရိကနှင့် အာရှနိုင်ငံတွေကိုတင်ပို့ပြီး အရည်အသွေးမြင့် ဘာစမာတီ ဆန်တွေကိုတော့ အရှေ့အလယ်ပိုင်း၊အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့ကို တင်ပို့နေတာဖြစ်ပါတယ်။

Source: Reuters