ဟေတီသမ္မတဂျိုဘင်နဲလ်မွိုင်ဆီကို လုပ်ကြံသတ်ဖြတ်ခဲ့ရာမှာ ပါဝင်ပတ်သက်ခဲ့ကြတဲ့ အမေရိကန် နှစ်ဦး၊ကိုလံဘီယာသား၂၆ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် ၁၁ယောက်ကို ဟေတီမှာရှိတဲ့ တိုင်ဝမ်သံတမန်ဝင်းထဲမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ ဟေသီအမျိုးသားရဲတပ်ဖွဲ့ကကြေညာပါတယ်။ လုပ်ကြံသတ်ဖြတ်တဲ့အစီအစဉ်ကို ဒီတစ်ပတ်စောစောပိုင်းမှာ အနည်းဆုံးလူ၂၈ဦးကပြုလုပ်ခဲ့ကြတာ ဖြစ်တယ် လို့ ရဲချုပ်လီယွန်ချားလ်စ်က သတင်းထောက်တွေကိုပြောပါတယ်။ သံသယတရားခံ တော်တော်များများကိုဖမ်းမိထားပြီးအချို့ကတော့ ပစ်ခတ်ဖမ်းဆီးရင်းသေဆုံးခဲ့ကြတယ်လို့ ရဲချုပ်က ဆက်ပြောပါတယ်။
“ ကိုလံဘီယာသား၁၅ဦးနှင့် ဟေတီဇာတိအမေရိကန်နိုင်ငံသားနှစ်ဦးကို ဖမ်းမိပါတယ်။ ကိုလံဘီယာ သားသုံးဦးကိုအသေဖမ်းဆီးရမိပြီး ရှစ်ဦးလွတ်မြေက်နေပါတဘ်” လို့ ချားလ်စ်ကပြောပါတယ်။ အဲဒီ အပြင် လု့ပ်ကြံသတ်ဖြတ်သူတွေသုံးခဲ့တဲ့ လက်နက်ကိရိယာာတွေကိုသိမ်းဆည်းရမိတယ်လို့လည်း သူကဆက်ပြောပါတယ်။ ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ဒီယာဂိုမိုလန်နိုက အခုဖော်ထုတ်တွေ့ရှိမှု ထဲက ကိုလံဘီယာသားတော်တော်များများဟာ ကိုလံဘီယာစစ်တပ်မှုအမှုထမ်းဟောင်းတွေဖြစ်တယ်လို့ ပြောပါတယ်။သူက ဟေတီအာဏာပိုင်တွေနှင့်အတူ အမှုဖော်ထုတ်ရာမှာ ကူညီပံ့ပိုးပေးမယ်လို့လည်း ပြောပါတယ်။ ဒီကနေ့နှောင်းပိုင်းမှာ တိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောရာမှာ “ ကြေးစားစစ်သား(၁၁)ဦး သူတို့ရဲ့ ဝင်းထဲမှာ ဝင်လာလို့ အဖမ်းခံရတယ်လို့ အတည်ပြုပြောကြားပါတယ်။ ဟေတီဟာ တိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေးတည်ထောင်ထားတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ရဲ့စစ်ဆင်ရေးဟာ ချောချောမွေ့မွေ့ဖြစ်ခဲ့သလားဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ အဲဒီဖမ်းမိတဲ့ကြေးစား စစ်သား(၁၁)ဦးဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာလည်း မသိရသေးပါဘူး။
Ref: Reuters